ရေနံချောင်းမြို့နယ် လက်မှတ်ကုန်း နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များ ဗုံးပစ်တိုက်ခိုက် 

ရေနံချောင်းမြို့နယ် လက်မှတ်ကုန်း နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များ ဗုံးပစ်တိုက်ခိုက် 

ဇူလိုင် ၂၆

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ၊ မြေနီခင်မြောက်ရပ်ကွက် ၊ လက်မှတ်ကုန်းရပ် ၊လမ်းမတော်လမ်းမပေါ်ရှိ လက်မှတ်ကုန်းနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က ဇူလိုင်လ ၂၅ ရက်နေ့ ည ၈နာရီအချိန်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။ 

ယင်းကဲ့သို့ တိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်က ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော် ၊ ကိုလှမိုးအောင် နှင့်ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်မှုကြောင့် နီးစပ်ရာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဘက်က ပြောသည်။ 

“ရဲစခန်းက လမ်းမပေါ်နဲ့နီးနီးလေးပါ။ လမ်းမတော်လမ်းမကြီး လမ်းသွယ်လမ်းထောင့်မှာရှိတာပါ။ ဒေသကာကွယ်ရေးတပ်နဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာပါ။ ဗုံးနှစ်လုံးပစ်ဖို့ပါ၊ အခက်အခဲတစ်ခုကြောင့် ဗုံးတစ်လုံးပဲ ပစ်လိုက်ရပါတယ်။ အချုပ်ကျတဲ့နေရာအနီး ကျမယ်ထင်တယ်။ ပစ်ခတ်တိုက်ခိုက်အပြီး ခဏနေတော့ သေနတ်သံတွေကြားရတယ် ။ကျနော့် ရဲဘော်တွေတော့ အန္တရာယ်ကင်းပါတယ် ။ သူတို့ဘက်ကထိခိုက်မှုရှိနိုင်ပါတယ်” ဟု မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ (Caf-Spupdf)၏ တပ်ရင်းမှူးငှက်ခါးက မဇ္စျိမကို ဖြေကြားသည်။

အဆိုပါနယ်မြေရဲစခန်းတွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်အချို့သာရှိနေပြီး တစ်ခါတစ်ရံ စစ်ကောင်စီတပ်သားများ လာရောက်စခန်းထိုင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ 

တိုက်ခိုက်မှုဖြစ်စဉ်အပြီးတွင် စခန်းအတွင်း သေနတ်သံများကြားရခြင်း၊ ထပ်မံ၍ ရေနံချောင်းမြို့အတွင်း သေနတ်သံများထွက်ပေါ်လာပြီးနောက် မြို့ကိုပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ဆက်လက်၍ တပ်ရင်းမှူးငှက်ခါးက “ ဆေးရုံက မီးမှိတ်ပြီး ဝင်လာတယ် ။ နောက် ရေနံချောင်းမြို့နယ်ဆေးရုံကို မောင်းထွက်သွားတယ်လို့ ပြောတယ်။ ထိခိုက်မှုက ညတွင်းချင်းဆိုတာ့ သေချာမသိရသေးဘူး “ ဟု ထပ်မံဖြေကြားသည်။ 

အဆိုပါတိုက်ခိုက်မှုကို ရေနံချောင်းမြို့နယ်မှ ဖေကံကောင်းအဖွဲ့နှင့်ပူးပေါင်းပြီး Caf-Spupdf အဖွဲ့မှ ပြောက်ကျားရဲဘော် CL က ဦးဆောင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#Mizzima
#မကွေးတိုင်း
#ရေနံချောင်းမြို့နယ်
#ကာကွယ်ရေးတပ်ဖွဲ့
#ဗုံးပစ်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required