အမေရိကန်က ထိုင်းကို ရွေးကောက်ခံအစိုးရ တင်မြှောက်ရေး တောင်းဆိုမှုနှင့်အတူ Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်ရေး စတင်

အမေရိကန်က ထိုင်းကို ရွေးကောက်ခံအစိုးရ တင်မြှောက်ရေး တောင်းဆိုမှုနှင့်အတူ Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်ရေး စတင်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ။          ။ ၃၅ ကြိမ်မြောက် Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ချောင်ဘူရီပြည်နယ် ဆတ်တာဟစ်ခရိုင်အတွင်း တော်ဝင်ထိုင်းရေတပ်ကော်ပိုရေးရှင်း ဖွင့်လှစ်ခြင်းနှင့်အတူ   ဖေဖော်ဝါရီ ၉ ရက် နံနက်က စတင်လိုက်သည်။ ထိုင်းနိုင်ငံတွင် ရွေးကောက်ခံအစိုးရ တင်မြှောက်ရေးအတွက် အမေရိကန်သံအမတ်ကြီး ဂျီလိုင်းဒါဗီက တိုက်တွန်းထားချိန်တွင်လည်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုအတွင်း တိုက်ရိုက်ပါဝင်ခြင်း သို့မဟုတ် စောင့်ကြည့်သူအဖြစ် ပါဝင်ခြင်းအဖြစ် နိုင်ငံပေါင်း နှစ်ဆယ့်ခုနစ်နိုင်ငံ ပူးတွဲလေ့ကျင့်ခြင်းဖြစ်သည်။ ယင်းစစ်ရေးလေ့ကျင့်မှုအတွင်း တင်းပြည့်ပါဝင်သည့် နိုင်ငံ ခုနစ်နိုင်ငံမှ တပ်အင်အား ၈၅၆၄ ဦးပါဝင်ဆင်နွှဲခြင်းဖြစ်သည်။ တင်းပြည်ပါဝင်သည့် နိုင်ငံများမှာ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် အမေရိကန်တို့ ဖြစ်ကြသည်။

နိုင်ငံစုံအစီအစဉ်တွင် ပါဝင်သည့် အခြားကိုးနိုင်ငံမှာ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ မွန်ဂိုလီးယား၊ နီပေါနှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။

တရုတ်နှင့် အိန္ဒိယတို့က လူသားချင်းစာနာထောက်ထားရေးကူညီစွမ်းဆောင်မှုစီမံကိန်းများတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တော်ဝင်ထိုင်းရေတပ်ကော်ပိုရေးရှင်းဖွင့်ပွဲတွင် ထိုင်းစစ်ဦးစီးချုပ် ဆွမ်မိုင်းကော့တီရာနှင့်အတူ အမေရိကန်သံအမတ်ကြီး ဒါဗီပါ တက်ရောက်ပြီး Cobra Gold စစ်ရေးလေ့ကျင့်မှုက အရှေ့တောင်အာရှတွင် အကြီးဆုံးနိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ၃၅ နှစ်ကြာ ထိုင်းနှင့် အမေရိကန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်သည်။

"၂၀၁၆ Cobra Gold ဖွင့်ပွဲမှာ တက်ရောက်လာရတဲ့အတွက် ကျွန်တော် အလွန်ဂုဏ်ယူပါတယ်။ အမေရိကန်ရဲ့ ဒီဒေသအပေါ် ခိုင်ခိုင်မာမာရည်တည်ပြီး ရေရှည်နားလည်မှုကိုလည်း ပြသခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ လက်ရှိအခြေအနေမှ ရွေးကောက်ခံအစိုးရတစ်ရပ် ပြန်လည်ပေါ်ပေါက်လာရေးကိုလည်း ဆန္ဒြုပုပါတယ်။"ဟု သံအမတ်ကြီး ဒါဗီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required