တောင်ကိုရီးယားတွင် ချထားမည့် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်က မြောက်ကိုရီးယားကို မရည်ရွယ် တရုတ်ကိုသာ ရည်ရွယ်ဟုဆို

တောင်ကိုရီးယားတွင် ချထားမည့် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်က မြောက်ကိုရီးယားကို မရည်ရွယ် တရုတ်ကိုသာ ရည်ရွယ်ဟုဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ။        ။ ကိုရီးယားကျွန်းဆွယ်သို့ ဖြစ်နိုင်ဖွယ်ရာ အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်တစ်ခုချထားခြင်းသည် မြောက်ကိုရီးယားကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အမေရိကန်၏   နျူကလီးယားတိုက်ခိုက်မှုကို တန်ပြန်မည့် တရုတ်၏စွမ်းရည်ကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု နိုင်ငံတကာရှေ့နေနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ အက်ဒဝပ်ကော်ရီဂန်က ပြောသည်။

အမေရိကန်စစ်တပ်သည် မြောက်ကိုရီးယား၏ တံခါးဝတွင် Terminal High Altitude Area Defense System (THAAD) ဒုံးခွင်းဒုံးစနစ်တစ်ခုကို ထားရှိရေး တောင်ကိုရီးယားနှင့် တရားဝင်   ဆွေးနွေးမှုများ စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ကကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၇ က တာဝေးဒုံးကျည်တစ်ခုကို မြောက်ကိုရီးယားက ပစ်လွှတ်ပြီးနောက် ပင်တဂွန်၏   ကြေညာချက်   ပေါ်လာခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးအစီအစဉ်ကိုတားဆီးရန် ကိုရီးယားကျွန်းဆွယ်တွင် ဒုံးခွင်းဒုံးစနစ်တစ်ခု ချထားလိုကြောင်း ဝါရှင်တန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂြိုဟ်တုတစ်ခုကို ပတ်လမ်းအတွင်း ပစ်လွှတ်ခြင်းမှာ လုံးဝတရားဝင်ပြီး နိုင်ငံအများလည်း ယင်းသို့လုပ်နေသည်ဟု ကော်ရီဂန်က ပရက်စ်တီဗီသို့ ဖေဖော်ဝါရီ ၉ တွင်ပြောသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် အခြားနိုင်ငံများ၏ ခြိမ်းခြောက်မှုခံနေရသဖြင် အခြားနိုင်ငံများကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်ရှိသည်ဟု ၎င်းကပြောသည်။

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်ချထားမှုက မြောက်ကိုရီးယားအပေါ် အနည်းငယ်သာရည်ရွယ်မှုရှိပြီး မိုင် ၃၀အကွာမှ ဒုံးကျည်တစ်ခုကို အမှန်တကယ်တားဆီးနိုင်သည်။ ပို၍ဝေးဝေးမှာလာသောဒုံးကျည်ကို တားရန်ဒုံးခွင်းဒုံးလိုသည်။ အမေရိကန်က နျူကလီးယားဖြင့် ပထမဆုံးတိုက်ခိုက်မှုကို တုံ့ပြန်မည့် တရုတ်နှင့် ရုရှား၏ စွမ်းရည်ကို နှောက်ယှက်ရန် ဒုံးကျည်ဒိုင်းတစ်ခုရှိရန် အမေရိကန်က ရည်ရွယ်သည်ဟု ထင်မြင်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required