တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ အာဏာပိုင်အဖွဲ့ကို ဖျက်သိမ်းရန် ပါကစ္စတန်အစိုးရက ဆုံးဖြတ်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ အာဏာပိုင်အဖွဲ့ကို ဖျက်သိမ်းရန် ပါကစ္စတန်အစိုးရက ဆုံးဖြတ်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) အာဏာပိုင်အဖွဲ့ကို ဖျက်သိမ်းရန် ပါကစ္စတန်အစိုးရက ဆုံးဖြတ်ခဲ့ပြီး စီမံကိန်းဆိုင်ရာ ကိစ္စရပ်အားလုံးကို စီမံကိန်းကော်မရှင်သို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဆီးနိတ်အမြဲတမ်းစီမံကိန်းကော်မတီကို မေလ ၁၃ရက်တွင် အကြောင်းကြားခဲ့သည်ဟု The Express Tribune သတင်းတွင် ဖော်ပြထားသည်။

လွှတ်တော်အမတ် ဆာလမ် မန်ဗီဝါလက ဥက္ကဋ္ဌရာထူးရယူပြီး အမြဲတမ်းကော်မတီအစည်းအဝေးကို ပါလီမန် အဆောက်အအုံတွင် ကျင်းပခဲ့ပြီး CPEC အာဏာပိုင်အဖွဲ့၏ ၂၀၂၁ခုနှစ် ပြင်ဆင်ချက် ဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အဆိုပါ ဧရာမစီမံကိန်းကြီးကို စီမံကိန်းကော်မရှင်ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

အာဏာပိုင်အဖွဲ့က ထူးထူးခြားခြား လုပ်ဆောင်ခြင်းမျိုး မရှိသေးသောကြောင့် ယင်းအား ဖျက်သိမ်းရန် စဉ်းစား နေပြီး မကြာမီ အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်မည်ဖြစ်ကြောင်း၎င်းတို့က ဆက်လက်ပြောသည်။

ဂယ်လ်ဂစ်ဘဲတစ်စတန်ဒေသတွင် မြေယာပြဿနာများနှင့်ပတ်သက်၍ ပါကစ္စတန်စစ်တပ်ကို ဆန့်ကျင်သည့် ဒေသခံဆန္ဒပြပွဲများတွင် ဖြစ်ပေါ်နေသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) အမည်ဖြင့် စစ်တပ်က 'မြေယာသိမ်းပိုက်ခြင်း' ကို ဒေသခံ ပြည်သူများက ဒေါသထွက်နေကြသည်။

၎င်းတို့နှင့်အတူ ရာနှင့်ချီသော တရုတ်သူလျှိုများနှင့် စစ်သားများက ဒေသခံများကို စောင့်ကြည့်နေပြီး တရုတ်ကုမ္ပဏီများအား လုံခြုံရေး အကာအကွယ်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required