တရုတ်၏ အာဏာရှင်ဆန်သည့် ကိုဗစ် ထိန်းချုပ်ရေး အစီအစဉ်များအပေါ် အမေရိကန် စိုးရိမ်

တရုတ်၏ အာဏာရှင်ဆန်သည့် ကိုဗစ် ထိန်းချုပ်ရေး အစီအစဉ်များအပေါ် အမေရိကန် စိုးရိမ်

တရုတ်တွင် ကန့်သတ်ပိတ်ဆို့ထားသော ရှန်ဟိုင်းမြို့ကြီးတွင် ကူးစက်မှုများပြားနေချိန်တွင် အမေရိကန်၏ ရှန်ဟိုင်းကောင်စစ်ဝန်ရုံးမှအရေးပေါ်မဟုတ်သောဝန်ထမ်းများဆန္ဒအလျောက်ထွက်ခွာခွင့်ပြုမည်ဟု အမေရိကန်က ဧပြီလ ၉ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် ရောဂါဖြစ်ပွားမှုနှင့် အစိုးရအရာရှိများနှင့် တိုက်ရိုက်သက်ဆိုင်သည့် တရုတ်၏ ထိန်းချုပ်မှုအစီအမံများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

“ကိုဗစ်-၁၉ ဖြစ်ပွားမှုများ မြင့်တက်လာခြင်းနှင့် တရုတ်နိုင်ငံ ၏ တုံ့ပြန်မှုနှင့် ဆက်စပ်သော ကန့်သတ်မှု များ၏ သက်ရောက်မှုကြောင့် ရှန်ဟိုင်း ကောင်စစ်ဝန်ချုပ်ရုံး ရှန်ဟိုင်းကောင်စစ်ဝန်က ဦးစားပေးမှုအလိုက် နိုင်ငံခြားရေးဌာနမှ အရေးပေါ်မဟုတ်သည့် အမေရိကန်အစိုးရဝန်ထမ်းများနှင့် အရေးပေါ် နှင့် အရေးပေါ်မဟုတ်သည့် အမေရိကန်အစိုးရဝန်ထမ်းများ၏ မိသားစုဝင်များကို ၂၀၂၂ခုနှစ် ဧပြီလ ၈ရက်တွင် ထွက်ခွာခွင့်ပြုသည်” ဟု အမေရိကန်သံရုံးမှ အကြံပေးချက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သံရုံးက "ဒေသန္တရဥပဒေများနှင့် ကိုဗစ်-၁၉နှင့် ပတ်သက်သည့် အာဏာရှင်ဆန်သည့် ကန့်သတ် ချက်များကြောင့် အမေရိကန်နိုင်ငံသားများအား တရုတ်သို့ ခရီးသွားလာခြင်းကို ပြန်လည်စဉ်းစားရမည်” ဟု တောင်းဆို ထားသည်။

ထို့ပြင် မိဘများနှင့် ကလေးများ ခွဲခွာထားခံရနိုင်ခြေ အပါအဝင် ကိုဗစ်-၁၉နှင့် ပတ်သက်သည့် ကန့်သတ် ချက်များကြောင့် ဟောင်ကောင်၊ ကျီလင်းပြည်နယ်နှင့် ရှန်ဟိုင်းမြို့တော်များသို့ ခရီးသွားခြင်းမပြုရန် အကြံပေး အဖွဲ့က အမေရိကန်နိုင်ငံသားများအား တောင်းဆိုထားသည်။

“တရုတ်နိုင်ငံတစ်ဝန်းရှိ အမေရိကန်နိုင်ငံသားအသိုက်အဝန်းအား မိမိတို့ ပံ့ပိုးကူညီလျက်ရှိသည်။ ဒေသတွင်း ကိုဗစ်ထိန်းချုပ်မှုစီမံချက်များကြောင့် ရှန်ဟိုင်းတွင်ရှိသည့် ကောင်စစ်ဝန်ရုံးကို လက်ရှိတွင် ပိတ်ထားပြီး ခွင့်ပြုချက် ရသည်နှင့် အမြန်ဆုံး ဖွင့်လှစ်သွားမည်” ဟု အမေရိကန်သံရုံးက ပြောကြားခဲ့သည်။

တရုတ်တွင် ဧပြီ ၈ရက်က ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုအသစ် ၁၃၃၄ ခုကို အစီရင်ခံခဲ့ပြီး ဧပြီလ ၇ရက် ဖြစ်ပွားမှု ၁,၅၄၀ နှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဧပြီလ ၉ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required