လောင်းလုံးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ၍ သေဆုံး

လောင်းလုံးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ၍ သေဆုံး

မတ်လ ၂၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာက ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေသူ တစ်ဦး မတ်လ ၂၈ ရက် နံနက် ၆ နာရီခွဲက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ မြို့နယ် ပျူစောထီးလက်နက်ကိုင် ခေါင်ဆောင် ငဇော်ဆိုသူကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့-လောင်းလုံးမြို့နယ် (LLPDF) အဖွဲ့က ပစ်ခတ်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

LLPDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက"ပွဲချင်းပီး သေသွားတယ်။ သူ့ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ငါးကြိမ်လောက် လုပ်ခဲ့ဘူးတယ်။ ဒါပေမဲ့ အရှေ့ပိုင်း လွတ်မြောက်သွားတာ များတယ်။  ဒီတစ်ခေါက်တော့ နယ်မြေခံ PDF တွေနဲ့ ပူးပေါင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်"ဟု ပြော သည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် လောင်းလုံးမြို့နယ်တွင် ပျူစောထီး လက်နက်ကိုင်တစ်ဦး ပြီး မဘသနှင့် ထားဝယ်လူမျိုးစု ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly