ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် သင်္ကြန်​ရေကစားမဏ္ဍပ်​ ဆောက်လုပ်​နေ

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် သင်္ကြန်​ရေကစားမဏ္ဍပ်​ ဆောက်လုပ်​နေ

မတ် ၂၁

ရန်ကုန်တိုင်း၊ ​ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ လမ်း​ပေါ်ရှိ မြို့​တော်ခန်းမ​ရှေ့၌ လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ သင်္ကြန်​ရေကစားမဏ္ဍပ်စတင်​ဆောက်လုပ်​နေ​ကြောင်း သိရသည်။

"​ဆောက်​နေ​တာ​တော့ နှစ်ရက်၊သုံးရက်ရှိပြီ။ ဒီမနက်ပိုင်းမြင်ခဲ့ရတာက​တော့ အ​ယောက် ၂၀ ​လောက်နဲ့​ဆောက်​နေတာ။ ကရိန်းကား​ကြီး တစ်စီးချထားတယ်။ မဏ္ဍပ်​ဆောက်ဖို့ ပစ္စည်း​တွေလည်း ချထားတယ်။ ပုံစံသိပ်မ​ပေါ်​သေးဘူးဆို​ပေမယ့် အမြင်မှာ​တော့ မဏ္ဍပ်မှန်း အရမ်းသိသာ​နေပြီ။ အဲ့မဏ္ဍပ်အတွက် လုံခြုံ​ရေးသိပ်ယူထားတာ​တော့မ​တွေ့ခဲ့ရပါဘူး"ဟု မြို့​တော်ခန်းမ(ရန်ကုန်)​ရှေ့၌ တည်​ဆောက်​နေ​သော ​ရေကစားမဏ္ဍပ်ကို မျက်မြင်​တွေ့ရှိသူတစ်ဦးက​ပြောသည်။

ထို့အပြင် ​နေပြည်​တော်တွင်လည်း ဧပြီ ၉ ရက်​နေ့တွင် ဝန်ကြီးဌာန​ပေါင်းစုံ သင်္ကြန်ပွဲ​တော် ဆင်နွှဲရန်ရှိ​ကြောင်း သတင်းအရင်းအမြစ်များထံက တဆင့် သိရသည်။

COVID-19ရောဂါ ကူးစက်ပျံ့ပွားမှုကို ​လျှော့ချနိုင်​စေရန် ၂၀၂၀ ခုနှစ်မှစကာ ​ရေကစားမဏ္ဍပ်များ​ဆောက်လုပ်ခြင်း၊ ​ရေကစားခြင်းများကို ထိန်းချုပ်ကန့်သတ်ခဲ့သည်။ ထို့ပြင် လူစုလူ​ဝေး ဖြစ်ပွားနိုင်မည့် စတုဒီသာကျွေးမွေးခြင်းများကို COVID-19 ရောဂါမကူးစက်စေရန် သတ်မှတ် စည်းကမ်းနှင့်အညီ လုပ်​ဆောင်ခဲ့ကြသည်။

စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ်တွင် ရန်ကုန်အပါအဝင် အခြားမြို့ကြီးများတွင် သင်္ကြန်​ရေကစားမှုများမရှိခဲ့​သော်လည်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ အချို့​နေရာများတွင်​ မဏ္ဍပ်ငယ်များ၊ အုန်းလက်မဏ္ဍပ်များထိုးကာ ​ရေကစားခဲ့ကြ​ကြောင်း ​ဒေသခံများထံက တစ်ဆင့် သိရှိရသည်။

#Mizzima

#ရန်ကုန်

#မြို့တော်ခန်းမ

#သင်္ကြန်​ရေကစားမဏ္ဏပ်

#လူစုလူဝေ

#COVID-19

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly