ထားဝယ်မြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၉ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်စီချ

By ကိုရွှေမြိတ်
25 February 2022
ထားဝယ်မြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၉ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်စီချ

ဖေဖော်ဝါရီ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ လူငယ် ကိုးဦးကို စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် ကိုးနှစ်စီ အမိန့် ချမှတ်လိုက်ကြောင်း ထားဝယ် နိုင်ငံရေး အကျဥ်းသားများ ကွန်ရက် (DPPN)က ဖေဖော်ဝါရီလ ၂၄ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက အမိန့်ချ မှတ်လိုက်သည့် ဖမ်းဆီးခံ လူငယ် ကိုးဦးမှာ အမျိုးသား ငါးဦးနှင့် အမျိုးသမီး လေးဦး ဖြစ်ကာ ၎င်းတို့သည် အာဏာသိမ်းပြီးနောက် အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်သူများဖြစ်ပြီး ၎င်းတို့သည် ၂၀၂၀ ခုနှစ် မေလ ၂၉ ရက်က ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ Micky အအေးဆိုင်တွင် ရှိနေစဥ် စစ်ကောင်စီတပ်သားများက လာရောက် ဖမ်းဆီးသွာရခဲ့ခြင်းဖြစ်သည်ဟု DPPN က တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ဖမ်းဆီးခံရသည့် ကျောင်းသား၊ကျောင်းသူ များကို ထားဝယ် အကျဉ်းထောင်ရှိ ထောင်တွင်း တရားရုံးက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ထိုသို့ အမိန့်ချလိုက်ကြောင်း DPPN မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမိန့်ချခံရသူ ကိုရဲမင်းကျော်၊ ကိုကျော်ဇေယျ၊ ကိုအောင်မျိုးဟိန်း၊ ကိုအေးစိုးပိုင်၊ ကိုအောင်မျိုးထွေး ၊ မစုလှိုင်နွေး၊ မစန်းမြတ်မြတ်ထူး၊ မထက်ထက်ဇော် နှင့် မအိသန္ဒာ တို့ကို ထားဝယ် ထောင်တွင်း တရားရုံးက ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၅၂(က)ဖြစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

#စစ်ကောင်စီ

#ထောင်ချ

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required