နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၃ ဒီဇင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၃ ဒီဇင်ဘာ ၂၀၂၁)

အမျိုးသားညီညွတ်ရေးအစိုးရ

· ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ သတင်းအချက် အလက်များအရ(၂၂.၁၂.၂၀၂၁) ရက်နေ့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင် - ၅၉ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ - ၁၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း NUG မှထုတ်ပြန်သည်။

· KNU နယ်မြေအတွင်း ဆက်လက်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ် စပ် သောင်ရင်း မြစ်ကမ်းသို့ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများ အတွက် အရေးပေါ်လို အပ်လျက် ရှိသော စားနပ် ရိက္ခာ စောင်နှင့် အခင်းအကာများကို လူသားချင်း စာနာထောက်ထားရေးများ ဆက်တိုက်ပံ့ပိုး လျက်ရှိရာ ယနေ့ (၂၂.၁၂.၂၀၂၁) အထိ ထောက်ပံ့ခဲ့သည့် စုစုပေါင်း ပမာဏမှာ ကျပ်သိန်း လေးရာကျော် ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

  • PRF Member အဖြစ်ပါဝင်လိုသူများအနေဖြင့် ကမ္ဘာအနှံ့အပြားမှာရှိသည့်  OFP Official Fundraiser တွေကနေတဆင့် လျှောက်ထားသူ၏ အမည် (Name or Nickname) နှင့် Email address များ ပေးပို့လှူဒါန်း နိုင်ပြီး  PRF Member ဖြစ်ပြီဆိုတာနဲ့ အသိအမှတ်ပြုမှတ်ပုံတင်ကတ်လေးကို Email မှတဆင့် ထောက်ပံ့ငွေထည့်ဝင်တဲ့လတိုင်းအတွက် ပေးပို့နေနိုင်ကြောင်း NUG မှ အသိပေးထားသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

  • ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အခြေခံပညာကျောင်းသားများရေးရာ အဖွဲ့ချုပ် ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်ကို လှိုင်သာယာအ နောက်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်ချမှတ်လိုက်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်သည်။
  • ရန်ကုန်၊ လှည်းကူးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ပျူစောထီး အဖွဲ့ခေါင်းဆောင်ဟု သတ်မှတ်ခံရသူ အောင်ကြည်သိန်းနှင့် သားဖြစ်သူ ရဲဇော်ဦးတို့ ယနေ့ ဒီဇင်ဘာလ ၂၂ရက်နေ့၊ ညနေ ၅နာရီခန့်က ကြက်ဝိုင်းမှ ပြန်လာစဉ် လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက  ပြောဆိုသည်။
  • ချင်းတွင်းမြစ်အတွင်းတွင် ကျောက်စိမ်းများ တရားမဝင် သယ်ဆောင်မှုကို PDF က ဖမ်းဆီးပြီး NUG အစိုးရထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း က သတင်းထုတ်ပြန်သည်။
  • ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက်ဖက်ဆစ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို ယနေ့ ဒီဇင်ဘာ ၂၃ တွင် ပြုလုပ်ခဲ့သည်။
  •  အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းတွင် နေ့စဉ် ရက်ဆက် စစ်ရဟတ်ယာဉ်များဖြင့် ကျေးရွာ များကို ပစ်ခတ်တိုက်ခိုက်နေပြီး ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရ ရှိမှုများ ပြားကြောင်း ဒေသခံများနှင့်ဒေသ ကာကွယ်ရေးတပ်များကပြောဆိုကြသည်။
  • အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတ်ပဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသော ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ နတ်ချောင်းကျေးရွာသို့ စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် အသုံးပြုပြီး လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရေး ၃၁၉ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။
  • ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် အကြမ်းဖက် စစ်ကောင်စီက Mi35p တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ ဝင်ရောက်မီးရှို့မှုများကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာရှိ နေအိမ်ပေါင်း ၆၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေဦးမြို့နယ်က သတင်းထုတ်ပြန
  •  ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းမြို့နယ် မြောက်ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင် ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ဘိန်းနွယ်ချောင်ရွာ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး (၂၆၀) ရက်မြောက်နေ့ အရုဏ်ဦးသပိတ်ချီတက် ဆန္ဒပြမှုကို ယနေ့ ဒီဇင်ဘာ ၂၃ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
  • ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်
  • တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့၌ အပတ်စဉ် ပြုလုပ်နေကျဖြစ်သော ဒယ်ဂူး ဆရာတော် ဦးဆောင်ကာ ကိုရီးယား နိုင်ငံသားများပါဝင်သည့် မြန်မာနိုင်ငံ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ကန့်ဘလူမြို့နယ်ရှိ ရဲဒွေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးကာ တပ်စွဲနေကြောင်း ဒေသခံများက ပြောဆိုသည်။
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ဗုံးကျဲပြီးနောက် ယနေ့ ညနေ နာရီကျော်အချိန်မှစတင်ပြီး ရွာလုံးကျွတ်မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
  • မုံရွာတွင် လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် "စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ကရင်ပြည်နယ်ရှိ ကရင်လူငယ်များက အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် နှစ်ပေါင်းများစွားတိုက်ပွဲနေကြသည့် ကရင့်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများကို KNU နှင့် အတူ ပြန်လည်လက်တွဲကာ ကရင်ပြည်နယ်အတွင်းရှိ ပြည်သူဘက်မှ မားမားမတ်မတ် ရပ်တည်ပြီး ဘုံရန်သူ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို ညီညီညွတ်ညွတ်ဖြင့် ပြိုင်တူ တိုက်ထုတ်ပေးရန် ဆန္ဒထုတ် ဖော်မှု များကို ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
  • မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို ဒီဇင်ဘာလ ၂၁ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၁၀၀ ကျော်ခန့်နှင့် ပျူစောထီးအဖွဲ့ အင်အား ၅၀ ခန့်က ဝင်ရောက် စီးနင်း ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ဝကျော် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကာ ဒေသခံပြည်သူများ အစားအသောက်နှင့် အဝတ်  အထည် များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်
  • မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်တပ်စွဲထားသော သရက်ကန် ရဲစခန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် နာရီ ၄၅ မိနစ်တွင် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော် People revolution army (PRA)မှ ဗိုလ်ဂျပန်ကြီးက ပြောဆိုသည်။
  • မြိုင်မြို့နယ် တောင်ပိုင်းသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ချင်းပြည်နယ် မင်းတပ်မြို့ ခွီးရိန်ရွာတွင် ဒီဇင်ဘာလ ၂၂ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦးသေဆုံးကာ ၅ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် (..) သတင်းအဖွဲ့ထံမှ သိရသည်။
  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာအတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် လုံး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည် လုံးသည် တိုက်နယ်ဆေးရုံဝန်းအတွင်းရှိ အမျိုးသမီး လူနာဆောင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ် The Mindat Post တွင် ရေးသားဖော်ပြသည်။
  •  ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ တပ်ကလေးရပ်ကွက်တွင် နေထိုင်သော စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသော ရှေ့နေ ကျော်သန်းအေးကို တပ်ကလေးရပ်ကွက် ဈေးအရှေ့ ခေါက်ဆွဲဆိုင်တွင် ယနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နံနက် ၇နာရီ ၃၅မိနစ်ခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
  • ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် ရပ်ကွက်တွင်နေထိုင်သူ ကိုထွန်းထွန်းနိုင်မှာ ဒီဇင်ဘာ ၂၂ ရက်ညနေပိုင်း အချိန်ခန့်တွင် သတ်ဖြတ်ခံခဲ့ရသည်ဟု မောင်တောဒေသခံများကပြောသည်။
  • ကချင်ပြည်နယ် ဗန်းမော်မြို့မှ တရားလွတ်တော်ရှေ့နေတစ်ဦးကို ယနေ့နံနက် ၇နာရီခွဲခန့်အချိန်တွင် လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်

တိုင်းရင်းသားလက်နက်ကိုင်များ

  • ကယား (ကရင်နီပြည်) ရှားတောမြို့နယ် နယ်မြေခံတပ်ရင်းမှ တပ်ရင်းမှူး စီးလာသော အိမ်စီးကားကို ကရင်နီတပ်မတော် KA က ဒီဇင်ဘာလ ၂၀ ရက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအောင်ကိုကို အပါအဝင် ဦးသေဆုံးပြီး ဦးကို အရှင်ဖမ်းမိကြောင်း သတင်းရရှိသည်။
  • ကချင်ကာကွယ်ရေးတပ်ဖွဲ့ (Kachin Defense Army – KDA) ခေါင်းဆောင် ဦးမထုနော်သည် လေဖြန်းဝေဒနာဖြင့် နှစ်ချီဖျားနာနေရာမှ ယနေ့ နံနက်ပိုင်း ၁၁ နာရီခွဲအချိန်တွင် ကောင်းခါးရှိ နေအိမ်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီ

 

· စစ်ကောင်စီလက်အောက်ခံ မီဒီယာကောင်စီမှ NLDအစိုးရလက်ထက်မှ အစိုးရအဖွဲ့ဝင်များ၏ ရာထူး ဂုဏ်ပုဒ်များ ကို ရေးသားဖော်ပြခြင်းမပြုရန် တားမြစ်ပြီး ရေးသားပါက တာဝန်မယူကြောင်း ထုတ်ပြန် သည်။

· ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့မရဲစခန်းအနီးကို ၄၀ မမဗုံးပစ် လောင်ချာဖြင့် နှစ်ချက် ချောင်းမြောင်းပစ်ခတ်ခဲ့သူများနှင့်ဆက်စပ်သူများအပါအဝင် ၎င်းတို့၏ မိဘများကိုပါ ဖမ်းဆီးထား ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။

· သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာ၀ဘေး အန္တရာယ်များ ဖြစ်လာမှသာ ရင်ဆိုင်တုံ့ပြန် ဖြေရှင်း ဆောင်ရွက်ကြသည်ထက် ဖြစ်ပေါ်လာ နိုင်သော သဘာ၀ဘေး အန္တရာယ်များကို ကြိုတင်မျှော်တွေး မှန်းဆကာ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ပြင်ဆင် မှုများကို ဖြစ်နိုင်သမျှသော နည်းလမ်းများနှင့် စီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းကပြောသည်။

· ပြပွဲအတွင်း ပုလဲအတွဲ ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ၇၈၀ ကို ပြသရောင်းချပေးခဲ့ရာ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များသည် ပြသထားသည့် ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများကို လွတ်လပ်စွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ပေါင်း ၆၂၂ တွဲကိုရောင်းချပေးနိုင် ခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။

· ငါးလုပ်ငန်းဖြင့် အခွန်ငွေ ကျပ်(၆)ဘီလီယံ ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၇၈၆ သန်းကျော် ရရှိခဲ့သည့်အတွက် ငါးလုပ်ငန်းဖြင့် နေ့စဉ်ပျမ်းမျှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ရရှိနေကြောင်း စစ်ကောင်စီ ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

· စစ်ကောင်စီပြန်ကြားရေးဝန်ကြီးနှင့်ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီး ဦးအောင်နိုင်ဦး တို့မှ တရုတ်မီဒီယာများဖြင့် တွေ့ဆုံပြီး သိရှိလိုသည်များကို ဖြေကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

· စစ်တပ်သည် ပြည်တွင်း၊ ပြည်ပ အန္တရာယ်များကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားရန် ဖြစ်သော်လည်း ယနေ့ခေတ်တွင် စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှု စသည့်အန္တရာယ်များကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြရန် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်() သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

ဒီဇင်ဘာ ၂၃ သုံးသပ်ချက်

  • စစ်ကောင်စီမှ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင် ရဟတ်ယာဉ်များသုံးကာ အရပ်သား ပစ်မှတ်များကို တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို တွေ့ရသည်။
  • စစ်ကိုင်းတိုင်း၏ ဒေသတချို့တွင် ဒေသခံ PDF များ၏ ဩဇာသက်ရောက်မှုရှိနေပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်း လုပ်ဆောင်နိုင်လာသည်ကို တွေ့ရသည်။ယင်းသို့ ဆောင်ရွက်နိုင်သော ဒေသများတွင် စစ်ကောင်စီမှ အငြိုးဖြင့် မီးရှို့သတ်ဖြတ် မှုများကို လုပ်ဆောင်နေတာကိုလည်း တွေ့မြင်ရသည်။
  • ရန်ကုန်တွင် တော်လှန်ရေး လုပ်ဆောင်နေသည့် လူငယ်တချို့ ဖမ်းဆီးခံနေရသော်လည်း တော်လှန်ရေး အရှိန်မပြတ်လုပ်ဆောင်နိုင်သည်ကို တွေ့ရသည်။စစ်ကိုင်း၊မကွေး ၊မန္တလေး၊ကရင်တို့တွင်လည်း ဆန္ဒပြပွဲများနှင့် တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly