ဘော်ရီရယ်လိုနဲ့ ပြန်တွဲနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ ဘယ်လန်ရိုဒရီဂွက်ဇ်

ဘော်ရီရယ်လိုနဲ့ ပြန်တွဲနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ ဘယ်လန်ရိုဒရီဂွက်ဇ်
ဓာတ်ပုံ - အီးပီအေ

မကြာသေးခင်က ခင်ပွန်းသည်နဲ့ လမ်းခွဲပြီးနောက် အချစ်ဟောင်း ဘော်ရီရယ်လိုနဲ့ ပြန်တွဲနေတယ်ဆိုပြီး မီဒီယာတချို့က ဖော်ပြနေတာကို ဘယ်လန်ရိုဒရီဂွက်ဇ်က ငြင်းဆန်ပယ်ချလိုက်ပါတယ်။ အီတလီမှာ သတင်းတွေထွက်နေတာဖြစ်ပြီး သူက လူမှုကွန်ယက်ကတစ်ဆင့် ပြန်လည် ချေပပြောဆိုလိုက်တာပါ။

"မဖြစ်ခဲ့တာတွေကို ဟုတ်သယောင် ရေးထားတာတွေကို ဖတ်ရတာ မုန်းတယ်။ လိမ်တာကိုလည်း မုန်းတယ်။ ရေးနေကြတာတွေအားလုံးက အစ အဆုံး အလိမ် အညာတွေချည်းပါပဲ"လို့ သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

မော်ဒယ်တစ်ဦးဖြစ်တဲ့ သူဟာ ခင်ပွန်းသည် စတီဖာနိုဒီမာတီနိုနဲ့ လမ်းခွဲခဲ့ပြီးနောက် အချစ်ဟောင်း ကာပီတိုက်စစ်မှူး ဘော်ရီရယ်လိုနဲ့ ပြန်တွဲနေပြီလို့ သတင်းတွေမှာ ဖော်ပြခံခဲ့ရတာပါ။ ဆက်ပြီးတော့လည်း သူက လက်ရှိအချိန်မှာ သူငယ်ချင်းတွေနဲ့ နှစ်စဉ် အပန်းဖြေနေကျ နေရာဖြစ်တဲ့ ကော်တီနာမှာ ရောက်နေတယ်လို့ ဖြေရှင်းခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required