ဖားကန့်ဒေသစစ်အုပ်ချုပ်ရေးနှင့် ကျောက်တူးဖော်ရေးလုပ်ငန်းလုံးဝ ပိတ်သိမ်းခြင်းစီစဉ်မှု ပြန်လည်သုံးသပ်ရန် သူရရွှေမန်း သဝဏ်လွှာပို့

ဖားကန့်ဒေသစစ်အုပ်ချုပ်ရေးနှင့် ကျောက်တူးဖော်ရေးလုပ်ငန်းလုံးဝ ပိတ်သိမ်းခြင်းစီစဉ်မှု ပြန်လည်သုံးသပ်ရန် သူရရွှေမန်း သဝဏ်လွှာပို့

နေပြည်တော်၊ဒီဇင်ဘာ ၂၈ ။           ။ အစိုးရက ဖားကန့်ဒေသတွင် စစ်အုပ်ချုပ် ရေးထားရှိခြင်းနည်းလမ်း အပါဝင် ကျောက် စိမ်းတူးဖော်ရေးလုပ်ငန်း များလုံးဝပိတ်သိမ်းခြင်းများဆောင်ရွက်ရန် စီစဉ်ထားရှိခြင်းများကို ပြန်လည် သုံးသပ်ရန် အတွက် သမ္မတ ထံ သို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိ ရသည်။

အဆိုပါ နည်းလမ်းများကို အသုံးပြု ပါလျင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးထိုခိုက်စေနိုင်သည့်အပြင် ဒေသခံများ အပါဝင် လာရောက် လုပ်ကိုင် နေကြသည့် ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ၏ စားဝတ်နေရေး အခြေ အနေ ကို ထိခိုက်နိုင်ခြင်းကြောင့် ဆောင်ရွက်မည့် အစီစဉ်ကို ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ပြီး အားလုံး အတွက် အကျိုးရှိမည့် နည်းလမ်း ရရှိ ရေး အလေးအနက်ထား ပြန်လည်သုံးသပ် စီမံဆောင်ရွက်နိုင်ပါရန် သဝဏ်ပေးလွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတ္တုတွင်း ဝန်ကြီး ဦးသန်းထွန်းအောင်က လတ်တလောဖားကန့်ဒေသ၌ ဖြစ်ပေါ်နေသည့် ကိစ္စများ သည် အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးအားနည်းခြင်း များကြောင့်   ဖြစ်ပေါ်ခြဲ့ခင်းဖြစ်ပြီး ယင်း ဒေသကို စစ်အုပ်ချုပ်ရေးအပါဝင် လုံခင်း ၊ဖားကန့် ရတနာနယ်မြေ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း များ လုံး ပိတ်သိမ်းခြင်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်းကို ဒီဇင်ဘာလ(၂၈)ရက်နေ့က ကျင်းပသည့် လွှတ်တေ်ာ အစည်းအဝေးတွင် အစိုးရကိုယ်စား လွှတ် တော်တွင် ပြောကြားခဲ့သည်။

အစိုးရက ဖားကန့်ဒေသကို ကိုင်တွယ်ရန် စီစဉ်ဆောက်ရွက်ထားသည့် နည်းလမ်းသုံးခုရှိပြီး ယင်းနည်း လမ်း များမှာ (၁) လုံခင်းဖားကန့် ရတနာနယ်မြေ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း များ လုံး ပိတ်သိမ်းခြင်း( ၂) နည်းလမ်း(၁) နှင့်တွဲ၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၁၄၄ အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ ထိမ်းသိမ်းခြင်း၊နည်းလမ်း(၃) ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၃ ပုဒ်မ ခွဲ (ခ) အရ အုပ်ချုပ်ရေး ၊ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ဆောင်ရွက်ရေး ဆောင်ရွက်ခြင်း များ ဖြင့်ဆောင်ရွက် စီစဉ်ထားကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က အစိုးရကိုယ်စား ဒီဇင်ဘာလ(၂၈)ရက်နေ့က လွှတ်တော်သို့ ရှင်းလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required