ဒေါက်တာဇော်မြင့်မောင် ထောင်အတွင်း ဖျားနာနေ

ဒေါက်တာဇော်မြင့်မောင် ထောင်အတွင်း ဖျားနာနေ

နိုဝင်ဘာ ၁

ဖမ်းဆီးတရားစွဲခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် မန္တလေးအိုးဘိုထောင်အတွင်းနေထိုင်မကောင်းဖြစ်နေကြောင်း မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အသိုက်အဝန်းထံမှသိရသည်။

“ဒီနေ့ရုံးထုတ်မှာ ဆရာဇော်ကအတော်လေးဖျားနေလို့ မိသားစုကဆေးဝါးပစ္စည်းပေးခဲ့ရတယ်၊ အချုပ်ခန်းမိုးမလုံလို့မိုးမိပြီး အတော်လေးဖျားနေတာလို့ပြောတာပဲ။ ဆေးတော့ပေးခွင့်ရခဲ့တယ်တဲ့” ဟု ဝန်ကြီးချုပ်မိသား စုနှင့်နီးစပ်သည့် မန္တလေးမြို့က အန်အယ်လ်ဒီပါတီဝင်တစ်ဦးကပြော သည်။

သူ၏အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအသိုင်းဝိုင်းကလည်း ဒေါက်တာဇော်မြင့်မောင် နေမကောင်းဖြစ်နေသည်ကို အတည်ပြုပြော သည်။

၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းပြီးနောက်၊ မန္တလေးအိုးဘိုထောင်အတွင်းဖမ်းဆီးထိန်းသိမ်းထားပြီး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မတို့နှင့်တရားစွဲထားခြင်းဖြစ်ပြီး ယနေ့ထောင်တွင်းအထူးတရားရုံးတွင်ဆက်လက်စစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required