မပခတပ်များ လုံခြုံရေးထူထူထပ်ထပ်ယူပေးသော တပ်ထောက်ခံပွဲ မြစ်ကြီးနားတွင်ကျင်းပ

မပခတပ်များ လုံခြုံရေးထူထူထပ်ထပ်ယူပေးသော တပ်ထောက်ခံပွဲ မြစ်ကြီးနားတွင်ကျင်းပ

အောက်တိုဘာ ၃၀

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတပ်များလုံခြုံရေးရယူပေးထားခဲ့သော အာဏာသိမ်းတပ်ထောက်ခံပွဲတစ်ခုကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့မှာ ဒုတိယအကြိမ်မြောက်အဖြစ်ပြုလုပ်တဲ့ အာဏာသိမ်းတပ်ထောက်ခံပွဲကို လူ ၂၀၀ နီးပါးပါဝင်ခဲ့ကြပြီး စစ်ဌာနချုပ်ဧရိယအစပ်ဖြစ်သော အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် စုရပ်လုပ်ခဲ့ကာ မြို့သစ်ကြီးရပ်ကွက်တစ်ရပ်ကွက်ကိုသာလျှင် စီတန်းလှည့်လည်ပြီးအဆုံးသတ်ခဲ့သည်ကို တွေ့ရသည်။

စီတန်းလှည့်လည်နေချိန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ပေါင်းစုံလက်နက်ကိုင်များက လမ်းသွယ်လေးများကအစ လုံခြုံရေးရယူပေးခဲ့တဲ့အပြင်၊ မြစ်ကြီးနားလေဆိပ်သွားလမ်းကိုပါ ခေတ္တပိတ်ထားခဲ့သည်။

တပ်ထောက်ခံပွဲမှာ '' NUG၊ CRPH အလိုမရှိ၊ တပ်မတော်ဖြိုခွဲသူ တို့ရန်သူ ၊ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်သော မြန်မာ့တပ်မတော်ကို ကြိုဆိုထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ကြိုဆိုထောက်ခံပါသည်" ဆိုတဲ့ ကြွေးကြော်သံများကို ပုံများနှင့်တကွကိုင်ဆောင်ပြီး လှည့်လည်ခဲ့ကြသည်။

မြစ်ကြီးနားမြို့မှာ ပထမအကြိမ်တပ်ထောက်ခံပွဲကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဧရိယာအနီးတွင်သာ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required