တိုနီပူးလစ်နှင့် ကိစ္စကို ဂျာဂင်ကလော့ပ်ပြန်လည်တောင်းပန်

တိုနီပူးလစ်နှင့် ကိစ္စကို ဂျာဂင်ကလော့ပ်ပြန်လည်တောင်းပန်

ဒီဇင်ဘာ ၁၉၊ လီဗာပူးလ် ။           ။ ပြီးခဲ့သည့်တစ်ပတ်က ဝက်စ်ဘရွန်းနှင့် နှစ်ဂိုးစီသရေကျသော ပွဲမှအဖြစ်အပျက်အတွက် ဝက်စ်ဘရွန်းနည်းပြတိုနီပူးလစ်ကို လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပြန်လည်တောင်းပန်လိုက်သည်။

ပွဲချိန်နောက်ဆုံးမိနစ်တွင် အူရီဂီက လီဗာပူးလ်အတွက် ချေပဂိုးသွင်းပြီးနောက် ပွဲအပြီးတွင် နည်းပြနှစ်ဦးမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြခြင်း မရှိပေ။ အူရီဂီ၏ဂိုးအပေါ် ဂျာမန်လူမျိုးနည်းပြ ကလော့ပ်က အလွန်အကျူးအောင်ပွဲခံခဲ့ပြီး ဝက်စ်ဘရွန်း၏ကစားပုံကိုလည်း ဝေဖန်ခဲ့သည်။

"လက်ဆွဲနှုတ်ဆက်ဖို့ ပြဿနာမရှိပါဘူး။ တောင်းပန်စကားလဲ ပြောချင်ပါတယ်။ ပွဲထဲမှာကျွန်တော်ပြောဆိုခဲ့တာတွေအတွက် တောင်းပန် ပါတယ်။ ကျွန်တော်စိတ်လှုပ်ရှားနေခဲ့ပြီး တိုနီပူးလစ်လည်း အတူတူပါပဲ။

သူ့ရဲ့အလုပ်ကို ကျွန်တော်လေးစားပေမယ့် အဲဒီအခြေအနေမျိုးမှာ ကျွန်တော့်ပါးစပ်ကို ထိန်းချုပ်ဖို့အတော်လေးခက်ခဲ့ပါတယ်။ ကျွန်တော့် ကစားသမားတွေဆီကို သွားချင်တဲ့စိတ်ကလည်း တားမရခဲ့ပါဘူး"ဟု ကလော့ပ်က ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required