လောင်းလုံမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အုပ်ချုပ်ရေးမှူး အသတ်ခံရ

10 September 2021
လောင်းလုံမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အုပ်ချုပ်ရေးမှူး အသတ်ခံရ

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး စက်တင်ဘာ ၉ရက် နံနက်ပိုင်းတွင် အသတ်ခံလိုက်ရကြောင်း LPSFအဖွဲ့ မှ ထုတ်ပြန်ထားသည်။

၎င်းကို လောင်းလုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (LPSF) က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
 
"ပျူစောထီးခေါင်းဆောင်အား ရှင်းလင်းနိုင်ရန် LPSF အဖွဲ့ဝင်များသည် တစ်ပတ်ခန့် အသေးစိတ်အဝင်အထွက်စောင့်ပြီး စက်တင်ဘာ၉ရက် မနက်ပိုင်း ပျူစောထီးတို့ စည်းဝေးမှအပြန် ပျူစောထီး ငါးယောက်နှင့် LPSF ငါးယောက် အပြန်အလှန်ပစ်ခတ်ကာ ပျူစောထီးခေါင်းဆောင်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်"ဟု LPSF က ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ အုပ်ချုပ်ရေးမှူးထံမှ M16 တစ်လက်နှင့် ပစ်စတိုတစ်လက်ကိုလည်း သိမ်းဆည်းခဲ့ကြောင်း LPSF က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly