အသက် ၁၉ နှစ်အရွယ်က အဓမ္မပြုကျင့်ခံရမှုအကြောင်း ဖွင့်ဟ ပြောကြားလာတဲ့ လေဒီဂါဂါ

အသက် ၁၉ နှစ်အရွယ်က အဓမ္မပြုကျင့်ခံရမှုအကြောင်း ဖွင့်ဟ ပြောကြားလာတဲ့ လေဒီဂါဂါ

နယူးယော့ခ်၊ ဒီဇင်ဘာ ၁၃ ။            ။ ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါက ၎င်းအသက် ၁၉ နှစ်အရွယ်တွင် အဓမ္မပြုကျင့်ခံရပြီး နောက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတွင် ဒဏ်ရာအနာတရ   ဖြစ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ သည်။

လေဒီဂါဂါသည် အသက် ၁၉ နှစ်အရွယ်က အဓမ္မပြုကျင့်မှုခံခဲ့ရပြီးနောက် စိတ်တွင် ဒဏ်ရာ ဒဏ်ချက် ခံစားရမှုများက ၎င်း၏ဘဝကို ပြောင်းလဲစေခဲ့ကြောင်း ပြောကြားခဲ့သည်။

လေဒီဂါဂါသည် ပြီးခဲ့သည့်နှစ်က ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ဆယ်ကျော်သက် အရွယ်က အဓမ္မပြုကျင့်ခံရမှုအကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ပြီး ကောလိပ် ပရိဝုဏ်တွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုအကြောင်း ရိုက်ကူးထားသော  “ The Hunting Ground” အစီစဉ်အတွက် ၂၀၁၅ ခုနှစ် အစောပိုင်းက “ Til It Happens to You”တေးသီချင်းကို အသံသွင်းခဲ့သည်။

TimesTalks နှင့် ပြုလုပ်သော ဆွေးနွေးမှုအတွင်း ဂါဂါက “ကျွန်မ အဓမ္မပြုကျင့်မှုခံရပြီး ခုနှစ်နှစ်ကြာတဲ့အထိ အဲ့အကြောင်းကို ဘယ်သူကို့မှ မပြောပြခဲ့ဘူး။ အဲ့ဒီကိစ္စကို ဘယ်လိုလက်ခံရမလဲ ဆိုတာလည်း ကျွန်မမသိဘူး။ ကျွန်မကိုယ်ကျွန်မ ဘယ်လို အပြစ်တင်ရမလဲဆိုတာလည်း ကျွန်မ မသိဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်မရဲ့ အမှားလို့ တွေးထင်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

“အဓမ္မပြုကျင့်ခံရမှုက ကျွန်မဘဝကို လုံးဝ ပြောင်းလဲသွားစေခဲ့တယ်။ ကျွန်မကိုလည်း လုံးဝ ပြောင်းလဲစေခဲ့တယ်။ ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ အတွေးတွေကိုလည်း ပြောင်းလဲစေခဲ့တယ်”ဟု ဂါဂါ က ပြောကြားခဲ့သည်။

“ကျွန်မ ဝတ်ထားတဲ့ အဝတ်စားအကြောင့် အဓမ္မပြုကျင့်ခံခဲ့ရတာပါ။ အဝတ်အစားဟာ ကျွန်မ ကို အဓမ္မပြုကျင့်ခံရအောင် ဖြစ်ပေါ်စေခဲ့တယ်။ ဒါဟာ ကျွန်မရဲ့ အမှားဖြစ်ပါတယ်” ဟု ဂါဂါက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required