ပြင်သစ်ကို အထင်ကြီးစရာကောင်းအောင် အနိုင်ယူပြပြီးနောက် ဆွစ်ဇာလန်တို့ "သမိုင်းမှတ်တမ်း ရေးထိုးခဲ့ကြတဲ့"အပေါ် ဇာခါ ချီုးကျူး

ပြင်သစ်ကို အထင်ကြီးစရာကောင်းအောင် အနိုင်ယူပြပြီးနောက် ဆွစ်ဇာလန်တို့ "သမိုင်းမှတ်တမ်း ရေးထိုးခဲ့ကြတဲ့"အပေါ် ဇာခါ ချီုးကျူး
Photo: EPA

ရင်ခုန်စရာကောင်းတဲ့ ပင်နယ်တီအပြန်အလှန်ကန်သွင်းပြီး ပြင်သစ်ကို အကောင်းဆုံး အနိုင်ယူပြပြီးနောက် "ဆွစ်ဇာလန်သားတွေအားလုံး ဂုဏ်ယူနိုင်တယ်"လို့ အသင်းခေါင်းဆောင် ဂရန်းနစ် ဇာခါက ပြောပါတယ်။

ဆွစ်ဇာလန်အသင်းဟာ အဓိကပြိုင်ပွဲတွေမှာ ပြင်သစ်ကို တစ်ခါမှ အနိုင်ရဖူးခြင်းမရှိသလို ၁၉၅၄ ခုနှစ်နောက်ပိုင်း ရှုံးထွက်အဆင့်ကနေ တက်ရောက်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။

ဆွစ်ဇာလန်အသင်းဟာ ပြင်သစ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်နေရာကနေ ၂ ဂိုးပြန် သွင်းနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရကာ ကမ္ဘာ့ချန်ပီယံကို ဖြုတ်ချပစ်နိုင်ခဲ့ပါတယ်။

ဆွတ်ဇာလန်အသင်းဟာ ဇွန် ၁၆ ရက်နေ့က အုပ်စု (A) ရဲ့ ဒုတိယပွဲစဉ်မှာ အီတလီကို ၃ ဂိုး ၀ နဲ့ အရေးနိမ့်ခဲ့ရာမှာ ဝေဖန်မှုတွေ ခံရအပြီး ဇာခါက အသင်းဟာ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ အခန်းသစ်တစ်ခန်းကို ရေးထိုးခဲ့တယ်လို့ ပြောပါတယ်။

"ဒီအသင်းဟာ ခင်ဗျာတို့ ဖတ်ကြည့်နိုင်တာထက် အများကြီး ထိုက်တန်တယ်လို့ ကျနော် အမြဲ ပြောခဲ့ဖူးပါတယ်။"လို့ သူက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

"ဒီအသင်းအကြောင်း အများကြီး ဆွေးနွေးပြောဆိုတာ ရှိခဲ့ကြတယ်။ သူတို့က ကျနော်တို့ဟာ ဝင့်ကြွားသူတွေလို့ ပြောကြတယ်။ ဒါပေမယ့် ကျနော် ခင်ဗျာကို အာမခံပေးနိုင်တာ တစ်ခုရှိတယ်။ ကျနော်တို့ဟာ သမိုင်းမှတ်တမ်းတစ်ခု တကယ်ပဲ ရေးထိုးခဲ့တယ်ဆိုတာပဲ။ ဆွစ်တွေအားလုံးဟာ တကယ်ဂုဏ်ယူနိုင်ပြီဖြစ်တယ်။ စကားလုံးတွေနဲ့ ဖော်ပြဖို့ မဖြစ်နိုင်တဲ့ အရာတစ်ခု ကျနော်တို့ ရရှိခဲ့ပါတယ်။"

ဆွစ်ဇာလန်ဟာ နောက်တစ်ဆင့် ကွာတားဖိုင်နယ်မှာတော့ ခရိုအေးရှားကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ စပိန်အသင်းနဲ့  ဇူလိုင် ၂ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly