လေ့ကျင့်ရေးကွင်းတွင် မန်ယူနောက်ခံလူ ရိုဟို ပုခုံးအဆစ်လွဲ

လေ့ကျင့်ရေးကွင်းတွင် မန်ယူနောက်ခံလူ ရိုဟို ပုခုံးအဆစ်လွဲ

ဒီဇင်ဘာ ၄၊ မန်ချက်စတာ ။           ။ မန်ယူနောက်ခံလူ ရိုဟိုသည် အသင်းလေ့ကျင့်ခန်းအစီအစဉ်တွင် ပုခုံးအဆစ်လွဲသွားသောကြောင့် အချိန်ကာလတစ်ခုခန့် အနားယူရဖွယ်ရှိ နေသည်။

ဗုဒ္ဓဟူးနေ့၌ ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်မန်စီးတီးနှင့်ပွဲတွင် လွဲသွားခဲ့သော ပုခုံးအဆစ်နေရာပင်ဖြစ်သည်။ မန်စီးတီးနှင့်ပွဲတွင် ဒဏ်ရာ ရစဉ်က အသက် ၂၅ နှစ်အရွယ်ရိုဟိုသည် ခွဲစိတ်မှုခံယူစရာမလိုခဲ့ဘဲ လေးပတ်အနားယူခဲ့ရသည်။

ရိုဟို၏ဒဏ်ရာနှင့်ပတ်သက်ပြီး မန်ယူအသင်းကမှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သော်လည်း ပရီးမီးယားလိဂ်ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြ ဗန်ဟားလ်က ပြောဖွယ်ရှိနေသည်။

၂၀၁၄ တွင် စပို့တင်းလစ္စဘွန်းမှ ပေါင် ၁၆ သန်းဖြင့်ပြောင်းလာသည့် ရိုဟိုသည် ယခုနှစ်တွင် မန်ယူအသင်းအတွက် ၁၁ ပွဲကစားခွင့်ရထားပြီး နောက်ဆုံးကစားခဲ့သည့်ပွဲမှာ နိုဝင်ဘာ ၂၅ တွင် ပီအက်စ်ဗွီကို အိမ်ကွင်း၌ လက်ခံကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲဖြစ်သည်။

အာဂျင်တီးနားနောက်ခံလူအနေဖြင့် မန်ယူအသင်းဖော် လုခ်ရှောနှင့်အတူ ဒဏ်ရာရကစားသမားစာရင်းတွင် ပါဝင်သွားပြီဖြစ်သည်။

ဘယ်နောက်ခံလူတစ်ဦးဖြစ်သည့် လုခ်ရှောသည် စက်တင်ဘာအတွင်း ပီအက်စ်ဗွီနှင့်ကစားခဲ့သည့်ပွဲတွင် ခြေထောက်ကျိုးသွားသဖြင့် ကာလ ရှည် အနားယူနေရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required