ကျေးဇူးတော်နေ့ ကိုဗစ်ကူနိုင်ခြေ အွန်လိုင်းကတွက်နိုင် 

25 November 2020
ကျေးဇူးတော်နေ့ ကိုဗစ်ကူနိုင်ခြေ အွန်လိုင်းကတွက်နိုင် 

လူစုလူဝေးလုပ်ရင် ကိုဗစ်ရောဂါပိုး ကူးစက်နိုင်ခြေကို အွန်လိုင်းကနေတဆင့် တွက်ချက်နိုင်တဲ့စနစ် ကျေးဇူးတော်နေ့အမီ ထွက်ပေါ်လာပါပြီ။ နိုဝင်ဘာလတတိယအပတ်ရဲ့ ကြာသပတေးနေ့ကို Thanksgiving Day ကျေးဇူးတော်နေ့အဖြစ် အမေရိကန်ပြည်ထောင်စုမှာ သတ်မှတ်ပြီး ပုံမှန်ဆို ရပ်နီးရပ်ဝေးက မိသားစုဝင်တွေ ခရီးသွားအများဆုံးအချိန်လည်းဖြစ်သလို ထုံးတမ်းအစဉ်အလာအရ မိသားစုတွေ မိတ်ဆွေတွေ တွေ့ဆုံကြ ဝိုင်းဖွဲ့စားသောက်ကြလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါနဲ့ကြုံနေရတာကြောင့် ခရီးသွားလာမှု လျှော့ချဖို့ အာဏာပိုင်တွေက တိုက်တွန်းထားကြောင်း ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required