“မOKဘူး” ရေဒီယို အစီအစဉ်မှတ်တမ်း စီးရီးအသစ်အား စတင်မိတ်ဆက်ခြင်း

“မOKဘူး” ရေဒီယို အစီအစဉ်မှတ်တမ်း စီးရီးအသစ်အား စတင်မိတ်ဆက်ခြင်း

မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှု SGBV အား အဆုံးသတ်ရန် လုပ်ဆောင်လျက်ရှိသော ထောက်ခံပြောဆိုသူများနှင့် တရားမျှတမှု ဖော်ဆောင်သူများအကြောင်း ပြောပြမည့် မအိုကေဘူး ရေဒီယို အစီအစဉ်မှတ်တမ်း စီးရီးအား ယနေ့စတင် ထုတ်လွှင့်လိုက်ပါပြီ။
 
အပြည်ပြည်ဆိုင်ရာ ဥပဒေဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (IDLO) မှ ဖန်တီးကာ ထုတ်လွှင့်မှုဆိုင်ရာ အတွေ့အကြုံများစွာရှိသော ဇာနည် နှင့် ရေဒီယိုထုတ်လုပ်သူ Evelyn ယုယုဆွေတို့၏ ထုတ်လုပ်မှုဖြင့် မအိုကေဘူး ရေဒီယိုထုတ်လွှင့်မှုကို ထုတ်လွှင့်မှုဦးဆောင်သူ သူသူအောင်မှလည်း ပါဝင်ကူညီပေးထားပါသည်။
 
ထုတ်လွှင့်မှုအား အပတ်စဉ်ပြုလုပ်မည်ဖြစ်ပြီး အပိုင်းတစ်ပိုင်းစီတွင် မြန်မှာနိုင်ငံ၌ လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာ အခြေပြု အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူများအတွက် ရှိနေသော ဥပဒေဆိုင်ရာနှင့် ဓလေ့ထုံး တမ်းဆိုင်ရာ အတားအဆီးများကို ထောက်ခံပြောဆိုသူများနှင့် တရားမျှတမှုပေးသူ၊ ဆောင်ရွက်သူများမှ ဆောင်ရွက်ချက်များကို ပြောပြပါမည်။
 
ယနေ့ထုတ်လွှင့်သော ပထမဆုံးအပိုင်းတွင် မြန်မာနိုင်ငံရှိ COVID-19 ကာလအတွင်း မြင့်တက်လာသော အိမ်တွင်းနှင့် ရင်းနှီးသောလက်တွဲဖော်မှ အကြမ်းဖက်မှုများအပေါ် အကြောင်းအရာများ ပါဝင်ပါမည်။

နားဆင်သူများအနေဖြင့် အဆိုပါမြင့်တက်လာသော အကြမ်းဖက်မှုသည် ဥပဒေစနစ်တွင် မည်သို့အကျိုးသက်ရောက်သည်၊ ရှေ့နေများ၊ ဥပဒေအထောက်အကူပေးသူများနှင့် လူမှုရေးဝန်ထမ်းများမှ ယခုကဲ့သို့ မသေချာသော အချိန်များတွင် အကြမ်းဖက်မှုများကို ချေမှုန်းရန် မည်သို့လုပ်ဆောင်နေသူများကို လေ့လာရပါမည်။
 

မအိုကေဘူး ထုတ်လွှင့်မှု အပိုင်းသစ်များကို အပတ်စဉ် ရရှိနိုင်ပါသည်။ နောင်လာမည့် ခေါင်းစဉ်များတွင် အောက်ပါတို့ ပါဝင်ပါသည်။
 
●    ကမ္ဘာလုံးဆိုင်ရာ #timesup နှင့် #metoo လှုပ်ရှားမှုများနှင့်အညီ လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများအတွက် မြန်မာအမျိုးသမီးများ ထောက်ခံလုပ်ဆောင်လျက်ရှိခြင်း
 
●    လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှု SGBV အား တိုင်ကြားရာတွင် ဉာဏ်ရည်မသန်စွမ်းသူများ ကြုံတွေ့ရသော စိန်ခေါ်မှုများ
 
●    လူမှုကွန်ယက်အား ကျယ်ပြန့်စွာအသုံးပြုခြင်းနှင့် အမည်မဖော်ဘဲ အသုံးပြုနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့နေရသော ယခင်ကမကြုံတွေ့ဖူးသည့် အွန်လိုင်းတိုက်ခိုက်မှုများနှင့် ထိပါးနှောင့်ယှက်မှုများ  
   
မအိုကေဘူး အကြောင်းကို  IDLO ၏ မြန်မာနိုင်ငံ စီမံခန့်ခွဲသူ Morgane Landel မှ အောက်ပါအတိုင်း ပြောကြားပါသည်။

” လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှု (SGBV) သည် ကျွန်ုပ်တို့အားလုံးအပေါ် သက်ရောက်မှုရှိပါသည်။ ရှင်သန်လွတ်မြောက်လာသူများမှာ ကျွန်ုပ်တု့သူငယ်ချင်း၊ ဆွေမျိုးသားချင်းနှင့် လုပ်ဖော်ကိုင်ဖက် များ ဖြစ်ပါတယ်။ SGBV ဟာ အိမ်များ၊ လမ်းများ၊ အလုပ်ခွင်များ၊ ကျောင်းများ၊ အွန်လိုင်း စသည်ဖြင့် နေရာအနှံ့တွင် ဖြစ်ပွားနေပါသည်။ အဆိုပါအမှုများ ပျံ့နှံ့ဖြစ်ပွားနေသော်လည်း ပတ်ဝန်းကျင်တွင် တိတ်ဆိတ်နေမှုများ ရှိသည့်အတွက် ကျူးလွန်သူအား အပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေပါတယ်။ မအိုကေဘူးမှ တိတ်ဆိတ်နေရန် ငြင်းဆန်သူများအကြောင်းနှင့် SGBV မှ ရှင်သန်လွတ်မြောက်လာသူ အတွက် တရားမျှတမှု ရရှိရန် မည်သို့လုပ်ဆောင်ခဲ့သည်များကို ပြောပြပါမည်။”
 
IDLO သည် ၂၀၁၅ မှစတင်၍ မြန်မာနိုင်ငံတွင် SGBV အတွက် လုပ်ဆောင်လျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် IDLO မှ လုပ်ဆောင်ခဲ့သော သုတေသနအရ SGBV ရှင်သန်လွတ်မြောက်လာသူ ၅ ရာခိုင်နှုန်းအောက်ကသာ တရားမျှတမှုစနစ်တွင် တိုင်ကြားမှုပြုလုပ်သည်ကို ပြသနေပါသည်။ သမာရိုးကျ ဥပဒေစနစ်၊ ဓလေ့ထုံးတမ်းဆိုင်ရာ စံနှုန်းများနှင့် အလေ့အထများကြောင့် ခွဲခြားဆက်ဆံမှုကို ထောက်ပံ့နေမှုများ၊ လက်တုံ့ပြန်မှုအား ကြောက် ရွံ့ခြင်း၊ အကာအကွယ်ပေးနိုင်မှုများ ကန့်သတ်နည်းပါးခြင်းနှင့် ဘဏ္ဍာရေး၊ မြေပြင်အနေအထားအရ ကန့်သတ်မှုများသည် အမျိုးသမီးများ တရားမျှတမှု လက်လှမ်းမှီရန်အတွက် အပျက်သဘောဆောင်သော သက်ရောက် မှုများ ဖြစ်စေလျက်ရှိသည်။ အမျိုးသမီးများ၊ မိန်းကလေးများနှင့် SGBV မှ အန္တရာယ်ရှိသူများသည် ၎င်းတို့အခွင့်အရေးများ၊ ရရှိနိုင်သော ကုစားမှုများအတွက် သတင်းအချက်အလက် လက်လှမ်းမီမှုမရှိခြင်း၊ ၎င်းတို့အား လက်လှမ်းမီရန် မည်သည့်နေရာတွင် မည်သို့ရှာဖွေရမည်ကို မသိကြပေ။

IDLO မှ ရှင်သန်လွတ်မြောက်လာသူဗဟိုပြု ချဉ်းကပ်မှုမှတစ်ဆင့် အဆိုပါ စိန်ခေါ်မှုများကို ရည်ညွှန်းလျက် ရှင်သန်လွတ်မြောက်လာသူများအတွက် တရားမျှတမှု လက်လှမ်းမီရေးအား အားကောင်းစေရန် ဖော်ပြပါ အထောက်အပံ့များကို ရည်ညွှန်းလိုပါသည်။ ၁) အသိပညာပေးခြင်း ၂) လူ့အဖွဲ့အစည်းနှင့် တရားမျှတမှုဝန်ဆောင်မှုပေးသူများကြား ထောက်ပံ့ပြောဆိုသော စကားများ ၃) စွမ်းဆောင်ရည်မြှင့်တင်ခြင်း နှင့် ၄) ဝန်ဆောင်မှု ပေးခြင်း။ မအိုကေဘူး သည် IDLO ၏ အသိပညာမြှင့်တင်ရန်နှင့် SGBV အကြောင်း စကားပြောဆိုခြင်းများ ဖန်တီးရန် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါသည်။ ကပ်ရောဂါသည် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး SGBV  မှရှင်သန်လွတ်မြောက်လာသူများသည်လည်း ၎င်းတို့အား ညှင်းပန်းနှိပ်စက်သူများနှင့်အတူ ဖယ်ကြဉ်ထားခံရပြီး မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ဖြတ်တောက်ခံထားရသည့်အတွက် IDLO အနေဖြင့် ၎င်းတို့အသံ များနှင့် အခက်အခဲများကို လူထုမှ သေချာပေါက် ကြားသိရစေရန် လုပ်ဆောင်လျက်ရှိသည်။  
 
ထုတ်လုပ်သူ Evelyn Yu Yu Swe မှ “အသံထုတ်လွှင့်မှုအား မြေပြင်အနေအထားသို့ ရောက်ရှိရန် ဆောင်ရွက်ရသည်မှာ စိန်ခေါ်မှုများစွာ ရှိခဲ့ပါတယ်။ အထူးသဖြင့် ယခုလက်ရှိ COVID-19 ပိတ်ဆို့မှုများနှင့် အိမ်မှာနေရန် အမိန့်များကြား ကိစ္စများစွာကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင်လည်း ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ နားဆင်သူပရိသတ်ထံသို့ အပိုင်း ၆ ပိုင်း ယူဆောင်လာနိုင်ရန် စီမံနိုင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူများကို အကျိုးသက်ရောက်လျက်ရှိသော အကြောင်းအရာအများကို စိတ်ဝင်စားမှုရရှိရန် လုပ်ဆောင်နိုင်ပြီး ဖြစ်ပါတယ်။”
 
ထုတ်လွှင့်မှုအတွက် ဦးဆောင်သူ သူသူအောင်မှ “ထုတ်လွှင့်မှုအစီအစဉ်တွင်ပါဝင်သော ခေါင်းစဉ်များသည် ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးထားခြင်း ဖြစ်သည့်အတွက် ထုတ်လွှင့်မှုအကြောင်းအရာတွင် ပါဝင်သူများနေရာတွင် မည်သူမဆို ပါဝင်ခံစားနိုင်ပါတယ်။ ယခုအကြောင်းအရာ ပြသနာများကို ဖော်ဆောင်လာနိုင်ရန်အတွက် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ရသည့်အတွက် ပျော်ရွှင်ဂုဏ်ယူမိပါတယ်။”
 
မအိုကေဘူးကို စနေနှင့် အင်္ဂါနေ့တိုင်း City FM (88.9MHz) ညနေ ၆ နာရီ၊ Bagan FM တွင် သောကြာနေ့ ညနေ ၄ နာရီနှင့် တနင်္ဂနွေနေ့ မနက် ၉း၃၀ အချိန်တွင် ထုတ်လွှင့်ပါမည်။ အွန်လိုင်းမှလည်း Soundcloud နှင့် Facebook မှတစ်ဆင့် နားဆင်နိုင်ပါသည်။
https://www.facebook.com/maokbu   
 
ထုတ်လွှင့်မှုဆိုင်ရာ မေးမြန်းရန်အတွက် ဦးဇော်မင်းနောင် 0943166861 သို့ ဆက်သွယ်နိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required