မော်တော်ယာဉ်တွေမှာ သာသနာ့အလံစိုက်ထူနေတာကို အရေးယူဖို့ မုံရွာအောင်ရှင်ပြောတယ်ဆိုတဲ့ သတင်းအမှား

မော်တော်ယာဉ်တွေမှာ သာသနာ့အလံစိုက်ထူနေတာကို အရေးယူဖို့ မုံရွာအောင်ရှင်ပြောတယ်ဆိုတဲ့ သတင်းအမှား

မော်တော်ယာဉ်များတွင်ခွင့်ပြုချက် မရှိပဲသာသနာ့အလံများစိုက်ထူပြီး သွားလာနေမှုများကို အရေးယူဖို့ မုံရွာအောင်ရှင်က ပြောလိုက်တယ်ဆိုတဲ့ သတင်းအမှားကို တင်ဆက်ပေးချင်ပါတယ်။ 

ဒီသတင်းအမှားကို တိုင်းကျော်သတင်းဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုက ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ 

Like လုပ်သူ ၂ထောင်နီးပါး၊ ပြန်လည်မျှဝေသူ ၃၇၀၀ကျော်နဲ့ မှတ်ချက်ပေးသူ ၂၇၀၀ကျော်ရှိခဲ့ပါတယ်။ 

ဒီပို့စ်ကိုမှတ်ချက်ပေးသူအများစုဟာ အမုန်းစကားဆန်ဆန်စကားလုံးတွေနဲ့ ပြစ်တင်ပြောဆိုနေကြတာ တွေလည်းရှိပါတယ်။ 

အနည်းစုကတော့ ဒီသတင်းကို မုံရွာအောင်ရှင် ပြောမပြော သက်သေပြပါဆိုတဲ့မှတ်ချက်တွေလည်းရေးခဲ့ကြပါ တယ်။ 

တင်ဆက်- ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required