Misinformation Busters (သတင်းအမှားများကို တိုက်ဖျက်ခြင်း) Episode 19 

Misinformation Busters (သတင်းအမှားများကို တိုက်ဖျက်ခြင်း) Episode 19 

အခုတင်ပြချက်မှာတော့ တစ်ပတ်အတွင်းထုတ်လုပ်ပြီးခဲ့တဲ့ သတင်းအမှားတွေထဲကနေ ပြန်လည်ရွေးချယ်ပြီး တော့ ကောင်းနိုးရာရာ သတင်းအမှားတွေကို ပြန်လည်တင်ဆက်ပေးသွားမှာပါ။
ပြန်လည်ရွေးချယ်ထားတဲ့ သတင်းတွေထဲမှာတော့

၁။ ထိုင်းနိုင်ငံက သူ့စစ်တပ်ကို မြန်မာနိုင်ငံဘက်က တရားမဝင်ခိုးဝင်လာသူတွေကို ပစ်ဖို့ အမိန့်ပေးထားတယ်ဆိုတဲ့ သတင်း

၂။ ချင်းပြည်နယ် ပလက်ဝကို ပို့ဆောင်ဖို့ ကိုဗစ် ၁၉ ကာကွယ်ရေးပစ္စည်းတွေသယ်လာတဲ့ ယာဉ်ကို AAကမီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်း

၃။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါတကယ်မဖြစ်ဘူးဆိုတဲ့ သတင်းတို့ပဲဖြစ်ပါတယ်။ 

ဒါ့အပြင် လူမှုကွန်ယက်တွေမှာ သတင်းအမှားတွေဖြန့်ဝေနေတဲ့ အကောင့်တွေကို အတုအစစ်ဘယ်လိုခွဲခြားနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး  သတင်းအမှားတိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MIDO က ပရိုဂရမ် ဒါရိုက်တာ မဖြူဖြူသီနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကိုလည်းရှုစားရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required