PACE အဖွဲ့ကို လာမယ့်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ရမရ ကော်မရှင်ကအတည်မပြုသေး

PACE အဖွဲ့ကို လာမယ့်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ရမရ ကော်မရှင်ကအတည်မပြုသေး
Photo Creadit - UEC

ဩဂုတ် ၂၁

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ရမရ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် အကြောင်းပြန်ခြင်းမျိုး မရှိသေးကြောင်း PACE အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာ မြင့် ကပြောသည်။

PACE အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က “ အခုအင်္ဂါနေ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သွားတွေတယ်။ အဲဒီမှာ ညွှန်ကြားရေးမှူးချုပ်ကတော့ သင်းဖွဲ့မှတ်ပုံတင်အတွက်ကို လျှောက်ထားကြောင်း သက်သေပြ တဲ့ ပုံစံ(၅)သွားယူ။ ပုံစံ(၅)ရတာနဲ့ စောင့်ကြည့်ခွင့်ကို ပေးမယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ပုံစံ(၅) ရလာတယ်။ အဲဒီပုံစံ(၅)ကိုလည်း တင်လိုက်ပါပြီ။ ခုထိတော့ စောင့်ကြည့်ရမယ် မရမယ်တော့ ခုထိ မပြောသေးဘူး” ဟု မဇ္ဈိမသို့ပြောသည်။

အသင်းအဖွဲ့မှတ်ပုံတင်မရှိဟုဆိုကာ ၂၀၂၀ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်ခွင့်အား ရွေးကောက်ပွဲကော်မရှင်၏ခွင့်ပြုချက်မရသေးခြင်းဖြစ်သည်။

အသင်းအဖွဲ့မှတ်ပုံတင်အတွက် လျှောက်ထားကြောင်း ပုံစံ(၅)ကို သြဂုတ်လ(၁၈)ရက်နေ့ကတည်းက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ သြဂုတ်လ ၁၄ရက်က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ PACE အဖွဲ့ကို ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခွင့်ကို ခွင့်ပြုတယ်ဟု သတင်းထောက်တွေကို ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly