ဦးဖြိုးမင်းသိန်းပါဝင်ဦးဆောင်ခဲ့သည့် ပြည်ထောင်စုဒီမိုကရေစီပါတီကို ရွေးကော်ဖျက်သိမ်း

ဦးဖြိုးမင်းသိန်းပါဝင်ဦးဆောင်ခဲ့သည့် ပြည်ထောင်စုဒီမိုကရေစီပါတီကို ရွေးကော်ဖျက်သိမ်း

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဥက္ကဋ္ဌအဖြစ် ပါဝင်ဦးဆောင်ခဲ့သည့် ပါတီဖြစ်တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ UDP ကို  နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲဥပဒေအရ အနည်းဆုံးဝင်ရောက်ယှဉ်ပြိုင်ဖို့လိုတဲ့  မဲဆန္ဒနယ် အနည်းဆုံး ၃ နေရာအတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းမရှိတဲ့အတွက်  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂(ခ) အရ ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required