တအာင်း(ပလောင်)အမျိုးသားပါတီက အမတ်လောင်း ၃၆ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

တအာင်း(ပလောင်)အမျိုးသားပါတီက အမတ်လောင်း ၃၆ ဦးဝင်ရောက်ယှဉ်ပြိုင်မည်
Photo - Mai Goung Jar

သြဂုတ် ၁၁

ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်သည့်  တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)  သည် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ယခင်က ယှဉ်ပြိုင်ခြင်းမရှိသော မြို့နယ်များတွင် အမတ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ပြည်နယ်လွှတ်တော် ၂ နေရာ ပြည်သူ့လွှတ်တော် ၁ နေရာ ဖြင့် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) ဗဟိုအထွေအထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က “အဲ့ဒီဘက်မှာ ပလောင်တွေများလို့ဝင်ပြိုင်တာတော့ဟုတ်တယ် ဒါပေမယ့် ကျွန်တော်တို့အားနည်းချက်က လမ်းပန်းဆက်သွယ် ရေးလဲမကောင်းဘူးပြီးတော့ အဲ့ဘက်မှာတော်တော်များများအိမ်ထောင်စုတွေမရှိကြဘူးလေ တစ်ချို့ကျတော့ မဲဘယ်လိုပေးရတာတောင်မသိကြဘူး” ဟုဆိုသည်။

တအာင်း(ပလောင်)အမျိုးသားပါတီမှ မြို့နယ် (၁၀)မြို့နယ်ကို အခြေခံကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ စုစုပေါင်း (၃၆)ဦး ဝင်ရောက်အရွေးခံ ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ရှမ်းပြည်နယ်တစ်ပြည်လုံးတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း ၆ဦး ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ၁၀ဦးနဲ့ ပြည်နယ်/တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်း ၂၀ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“ တအာင်းပလောင်အမျိုးသားကိုအခြေခံတဲ့အခါကျတော့ တအာင်းပါတီဆိုလဲ တစ်ပါတီပဲရှိတယ်။မဲကလည်းတအာင်းဆီမှာပဲရှိတယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်''ဟု မိုင်းအုဏ်းခိုင်ကဆိုသည်။

ကိုယ်စားလှယ်လောင်းများအား အမျိုးသမီးပါဝင်မှုနှုန်းမှာ ၂၅ ရာခိုင်နှုန်း၊ ၃၅ နှစ်အောက် လူငယ် ၂၅ ရာခိုင်နှုန်း ၃၅ နှစ်အထက်ကို ၅၀ ရာခိုင်နှန်းထည့်သွင်းရွေးချယ်ထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၂ဦးအနိုင်ရရှိပြီး  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆိုရသော် အနိုင်ရရှိခဲ့သည့် ပါတီများထဲတွင် တအာင်းပလောင်အမျိုးသားပါတီ(TNP)ဟာ အဆင့်ငါးနေရာမှာ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required