အပြောင်းအလဲကို ဖန်တီးနိုင်ဖို့ No Vote သမားတွေ မဲပေးကြဖို့လို

အပြောင်းအလဲကို ဖန်တီးနိုင်ဖို့ No Vote သမားတွေ မဲပေးကြဖို့လို

လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးတော့ဘူးဆိုတဲ့ No Vote လှုပ်ရှားမှုတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။အခုလို No Voteလှုပ်ရှားမှုတွေ လုပ်နေတဲ့သူတွေဟာ အပြောင်းအလဲ လုပ်ချင်လို့ ၂၀၁၅ရွေးကောက်ပွဲမှာ အုံနဲ့ကျင်းနဲ့မဲပေးခဲ့ကြသူတွေဖြစ်ပြီး လက်ရှိအစိုးရရဲ့ ပြောင်းလဲမှုကို စိတ်တိုင်းမကျသူတွေက ဘယ်ပါတီမှ မဲမပေးတော့ဘူးဆိုပြီး လှုပ်ရှားမှုတွေ လုပ်နေကြတာပါ။အခုလို မဲမပေးဖို့ လှုပ်ရှားနေသူတွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခြင်းအားဖြင့် ကိုယ့်နိုင်ငံရဲ့ အပြောင်းအလဲကို ဖန်တီးနိုင်တယ်ဆိုတဲ့ လုပ်ပိုင်ခွင့်ကို ခိုင်ခိုင်မာမာ အသုံးချစေချင်တယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required