နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ၂၀၁၅ကနိုင်ခဲ့သည့် မဲဆန္ဒနယ်က ပြန်ပြိုင်မည်

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ၂၀၁၅ကနိုင်ခဲ့သည့် မဲဆန္ဒနယ်က ပြန်ပြိုင်မည်
Photo - NLD

ဇူလိုင် ၂၃

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နေရာများမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြန်လည်အရွေးခံမည်ဖြစ်ကြောင်း ဒီချုပ်ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

Photo - NLD

နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းများအမည်စာရင်တင်သွင်းမှုနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂၃ရက်က သတင်း ထောက်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

Photo - NLD

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ်မဲဆန္ဒနယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ကော့မှူးမြို့နယ်မဲဆန္ဒနယ်က ဝင်ရောက်အရွေးခံမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံမှု မဟုတ်ပေမယ့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အားလုံး ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဖြစ်သည့်  ဦးသန့်ဇင်မောင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းဝင်းနှင့် ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းတို့လည်း ဝင်ရောက်အရွေးခံမည်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ရွေးကောက်ခံကိုယ်စားလှယ်တွေထဲက ၈၀ ရာခိုင်နှုန်း ပြန်လည် အရွေးခံမည်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required