COVID-19 လူနာသစ် ၄ ဦးတွေ့ရှိ

ဧပြီ ၁၀

ကျန်းမာရေးဝန်ကြီးဌာနက ယနေ့နံနက်အစောပိုင်းက ထုတ်ပြန်ကြေညာချက်တွင် COVID-19 ကူးစက်ခံလူနာ လေးဦးတွေ့ရှိကြောင်းကြေညာလိုက်ရာ နိုင်ငံတွင်း ကူးစက်ခံလူနာစုစုပေါင်း ၂၇ ဦးရှိပြီဖြစ်သည်။

အဆိုပါလေးဦးတွင် နှစ်ဦးမှာ မတ်လလယ်ပိုင်းက နိုင်ငံရပ်ခြားမှပြန်လာသူများဖြစ်ပြီး နှစ်ဦးမှာ လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွားရာဇဝင်မရှိသူများဖြစ်ကြသည်။

ဓာတ်ခွဲအတည်ပြုလူနာများတွင် ရန်ကုန်တိုင်းဒေသကြီးမှ သုံးဦးဖြစ်ကာ မရမ်းကုန်၊ ဗဟန်း၊ လှိုင်သာယာမြို့နယ်များမှ ဖြစ်သည်။ ကျန်တစ်ဦးကတော့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required