ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်သည်ဆိုကာ ဩစတြေးလျ၌ ကွန်ဒုံးများ အလုအယက် ဝယ်ယူ

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်သည်ဆိုကာ ဩစတြေးလျ၌ ကွန်ဒုံးများ အလုအယက် ဝယ်ယူ

ဩစတြေးလျ၌ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်သည်ဟု ယုံကြည်ယူဆလျက် ကွန်ဒုံးများကို အလုအယက် ဝယ်ယူလျက်ရှိသည်။

ဆစ်ဒနီမှ သန်ထိုင်းဆိုသူ အမျိုးသမီးတစ်ဦးက စတိုးဆိုင်တွင် Durex ကွန်ဒုံးများ အကုန်ရောင်းထွက်သွား၍ စင်တန်းတွင် အလွတ်ချည်းကျန်တော့သည့် ဓာတ်ပုံကို အွန်လိုင်းတင်ခဲ့သည်။

“ဘာတွေဖြစ်နေလဲဆိုတာ ကျေးဇူးပြုပြီး ဘယ်သူများ ပြောနိုင်မလဲ။”ဟု ၎င်းက ရေးသားသည်။

လူမှုမီဒီယာပို့စ်တစ်ခု၌ ကိုရိုနာဗိုင်းရပ်စ် ဘေးမှာ လက်ချောင်းများကို ကွန်ဒုံးများ အသုံးပြုပြီး ကာကွယ်ကြရန် လှုံ့ဆော်ရေးသားမှု တစ်ရပ်ရှိခဲ့ရာမှ ယခုကဲ့သို့ ကွန်ဒုံးများ အလုအယက် ဝယ်ယူကြခင်းဖြစ်သည်ဟု အခြားသော မိခင်အမျိုးသမီးများက သူ့အား ရှင်းပြကြသည်။

“ခပ်ရူးရူး ခပ်ကြောင်ကြောင် ပို့စ်တစ်ခုမှာ လက်ချောင်းတွေကို ဗိုင်းရပ်စ်ရန်က ကာကွယ်ဖို့ ကွန်ဒုံးသုံးဖို့ ရေးသားထားတာကြောင့် ဖြစ်ပါတယ်။”ဟု အမျိုးသမီးတစ်ဦးက သန်ထိုင်းအား replied ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဒါဟာ မာကက်တင်းနည်းပရိယာယ်တစ်ခု ဖြစ်မှာပါ။”ဟု အခြားသူတစ်ဦးက ဆိုသည်။

နောက်ထပ် replied ပြန်သူတစ်ဦးကမူ “တော်တော် အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။”ဟု ရေးခဲ့သည်။

ဩစတြေးလျ၌ ကုန်စုံဆိုင်အများစုသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု စိုးရိမ်ရ၍ စားသောက်ကုန်များကို သိုလှောင်ထားရှိလျက် ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly