ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူ နိုင်ငံခြားသားတွေကို ပြည်နှင်မယ်လို့ ရုရှား ပြော

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူ နိုင်ငံခြားသားတွေကို ပြည်နှင်မယ်လို့ ရုရှား ပြော

ဖေဖော်ဝါရီ ၃။            ။ ရုရှား အစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် မီခေးလ်မစ်ရှူစတင်က ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။

လူသေစေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေမှုကြောင့် ရင်းနှီးမြုပ်နှံမှုဖိုရမ်တစ်ရပ်ကို အစိုးရက ရွှေ့ဆိုင်းလိုက်ရအပြီး ခုလို ကြေညာလာတာပဲ ဖြစ်ပါတယ်။

“အခုဆိုရင် ဒီ ဗိုင်းရပ်စ်ဟာ အန္တရာယ်ကြီးတဲ့ စာရင်းဝင် ဖြစ်နေပါပြီ။ ဒီအတွက်ကြောင့်ပဲ ဗိုင်းရပ်စ်ကူးစက်တဲ့ နိုင်ငံခြားသားတွေကို ကျွန်တော်တို့အနေနဲ့ ပြည်နှင်ရတော့မှာ ဖြစ်ပါတယ်။”လို့ ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်တဲ့ အစိုးရအစည်းအဝေးမှာ မီခေးလ်မစ်ရှူစတင်က ဆိုပါတယ်။

ဆိုချီမြို့မှာ ပြုလုပ်မယ့် နှစ်ပတ်လည် ရင်းနှီးမြုပ်နှံမှုဖိုရမ်ကိုလည်း ဖေဖော်ဝါရီလလယ်အထိ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ၎င်းက ဆိုပါတယ်။

“ပထမဆုံးနဲ့ ဦးစားပေးကတော့ ကျွန်တော်တို့နိုင်ငံသားတွေနဲ့ ဖိုရမ်တက်ရောက်မယ့်သူတွေ ဘေးကင်းရေးနဲ့ ကျန်းမာရေးဟာ အဓိကပါပဲ။”လို့ မီခေးလ်မစ်ရှူစတင်က ပြောပါတယ်။

ရုရှားမှာ ခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူနှစ်ဦး ရှိနေပြီး နှစ်ဦးစလုံးဟာ တရုတ်နိုင်ငံသားတွေပဲဖြစ်ပြီး ဆိုက်ဘေးရီးယားဆေးရုံတွေမှာ တင်ထားကုသပေးနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင်းမှာ သေဆုံးသူပေါင်း ၃၆၀ ကျော် ရှိပြီး လူပေါင်း ၁၇၀၀၀ ကျော်ထက်မနည်း ကူးစက်ဖြစ်ပွားလျက် ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required