ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ နေပြည်တော်တွင် တွေ့ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ။           ။ နေပြည်တော်ကောင်စီနယ်မြေတွင် ကိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူတစ်ဦးကို တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၂ရက်နေ့ညက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် အလုပ်လုပ်သည့် ကွမ်ကျိုးမြို့သား အသက်၂၉နှစ်အရွယ်ရှိသူသည် မြန်မာနိုင်ငံသို့  ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာသူဖြစ်ကာ နေမကောင်းသဖြင့်  ဖေဖော်ဝါရီ ၂ ရက်နေ့တွင်  နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုသို့ သွားရောက်ပြသစဉ် ကိုယ်အပူချိန်မြင့်မားသောကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ညွှန်းပို့ခဲ့ခြင်း ဖြစ်သည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

အဆိုပါ သံသယ လူနာကို လက်ရှိတွင်  နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံရှိ သီးခြားခန်းတွင်ထားရှိပြီး  ကုသနေလျက်ရှိကာ ကိုယ်အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်းလက္ခဏာများတွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ အမျိုးသားကို “2019 Novel Coronavirus  ရောဂါ သံသယလူနာအဖြစ်သတ်မှတ်၍ ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန် ၄င်းထံမှ နှာခေါင်းတို့ဘတ်နမူနာ(Nasopharyngeal Swab) များရယူပြီး ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် မင်းပြား၊ ရှမ်းပြည်နယ် ကျိုင်းတုံနှင့် ရန်ကုန်မြို့တို့တွင် သံသယရှိ လူနာသစ် သုံးဦးတွေ့ရှိကြောင်းနှင့် ၄င်းတိုပတွင်  ရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးရန်အတွက် လူနာများထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး၊ ညွှန်းပို့ ဓါတ်ခွဲခန်းများသို့ ပေးပို့ပြီး စစ်ဆေးလျက်ရှိကြောင်းနှင့် ရောဂါအတည်ပြုချက်ရရှိပြီးပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချက်ချင်းသတင်းထုတ်ပြန်သွားမည်ဟု ဖေဖေါ်ဝါရီ ၂ရက်နေ့နေ့လည်က သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required