ဆိုင်ကယ်တာယာ လည်ပင်းတွင် စွပ်မိနေသည့် မိကျောင်းကြီးကို ကယ်တင်ပေးနိုင်ရေး အင်ဒိုနီးရှား ဆုကြေးငွေထုတ်

ဆိုင်ကယ်တာယာ လည်ပင်းတွင် စွပ်မိနေသည့် မိကျောင်းကြီးကို ကယ်တင်ပေးနိုင်ရေး အင်ဒိုနီးရှား ဆုကြေးငွေထုတ်

ဇန်နဝါရီ ၃၁ ။                ။  အင်ဒိုနီးရှား အာဏာပိုင်များက လည်ပင်းတွင် ဆိုင်ကယ်တာယာ စွပ်မိနေပြီး လည်ပင်းအစ်နေပြီဖြစ်သည့် ရေငန်မိကျောင်းကြီးကို ရှာဖွေကယ်တင်ပြီး အဆိုပါ တာယာအား ဖြုတ်ပေးနိုင်သူကို ဆု ကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကမ်းလှမ်းထားသည်။

ဗဟိုဆူလာဝေစီပြည်နယ် မြို့တော် ပါလု၌ အဆိုပါ မိကျောင်းကြီးကို ကယ်တင်ပေးရေးအတွက် သတ်မှတ်မထားသေးသော ဆုငွေ ပမာဏအတွက် ယှဉ်ပြိုင်ကြရင်း သတ္တိပြောင်မြောက်သော မိကျောင်းဖမ်းသမားတစ်ဦး ထွက်ပေါ်လာမည်ကို မြင်တွေ့ရဖွယ် ရှိသည်။သို့သော် ဆုငွေ ခူးဆွတ်နိုင်ရေးက ၁၃ ပေ ရှည် မိကျောင်းကြီးနှင့် ရင်ဆိုင်ရပြီးမှ ကယ်တင်နိုင်မှသာ ထုတ်ယူနိုင်မည့် ဆုကြေးငွေပဲ ဖြစ်တော့သည်။

ယင်း မိကျောင်းကြီးမှ ဆိုင်ကယ်တာယာကို ချွတ်ပေးနိုင်ရေး ဌာနေသဘာဝပတ်ဝန်းကျင် အာဏာပိုင်များက ကြိုးစားလျက် ရှိသော်လည်း မအောင်မမြင်ဘဲ ဖြစ်နေခဲ့သည်။

ထိုသို့ လည်ပင်းတွင် ဆိုင်ကယ်တာယာ စွပ်နေသည့် မိကျောင်းကြီးဖြစ်ရပ်ကို အွန်လိုင်းတွင် ဗီဒီယိုဖိုင် တက်လာပြီးနောက် နှစ်အတန်ကြာအောင်ပင် ထိုတာယာကို ချွတ်ပေးနိုင်ရေး ကြိုးစားနေခြင်းလည်း ဖြစ်သည်။
မိကျောင်းမှာ ကြီးထွားလာနေခြင်းကြောင့် ယင်းတာယာက မိကျောင်းကို တဖြည်းဖြည်းနှင့် မျှင်းသတ်လိမ့်မည်ဟု စိုးရိမ်ပူပန်မှုများလည်း ရှိလာစေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required