အရှေ့အလယ်ပိုင်းရောက်မြန်မာများအား အကူအညီနိုင်ရန် အသင့်ပြင်ဆင်ထားဟု ဆော်ဒီအာ ရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူပြော

အရှေ့အလယ်ပိုင်းရောက်မြန်မာများအား အကူအညီနိုင်ရန် အသင့်ပြင်ဆင်ထားဟု ဆော်ဒီအာ ရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူပြော

ဇန်နဝါရီလ ၅ ရက်။        ။ အရှေ့အလယ်ပိုင်းရောက် မြန်မာနိုင်ငံသားများအတွက် အကူအညီလိုအပ်ပါက ကူညီနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူး ဦးဇေယျာမျိုးမြင့် ကပြောသည်။

အီရတ်နိုင်ငံအတွင်းဖြစ်ပွားေနသည့် လတ်တလော အခြေအနေများမှာ ဒေသတွင်း စိုးရိမ်ပူပန်ဖွယ်ရာနှင့် စိတ်ပူပန်ဖွယ်ရာ အခြေအနေများဖြစ်ပေါ်နေပြီး ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကာတာနှင့် အိုမန်နိုင်ငံ တို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသတွင်းအခြေအနေများကို မျက်ခြေမပြတ်ဘဲ လုံခြုံရေး သတိရှိကြရန်လည်း ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးဦးဇေယျာမျိုးမြင့်က “ သီးခြားစီမံချက်တွေလည်း သံရုံးမှာ ရေးဆွဲထားတာတွေ ရှိပါတယ်။ ကိစ္စတစ်စုံတစ်ခုဖြစ်လာရင်လည်း သက်ဆိုင်ရာဌာနချုပ်ကို တင်ပြပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံးနည်းလမ်းတွေနဲ့ ကူညီထောက်ပံ့ပေးသွားမှာပါ” ဟုပြောသည်။

ဘာရိန်း၊ ကာတာ၊ အိုမန်နိုင်ငံများတွင် ရောက်ရှိသော မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးက ပူးတွဲတာဝန်ယူထားရကြောင်း သိရသည်။

အမေရိကန်တို့က ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်တွင် တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ နှင့် အီရန်ကျောထောက်နောက်ခံ အီရတ် ပြည်သူ့စစ်အဖွဲ့အကြီးအကဲ အဘူ မာဒီ အယ်လ်မူဟာ ဒစ် အပါအဝင် အခြား ရှစ်ဦးတို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကာတာ၊အိုမန်နိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက +၉၆၆၁၁၂၂၉၃၅၂၃/ +၉၆၆၁၁၂၂၉၃၅၂၅၊ Hot Line +၉၆၆၅၄၆၄၀၃၅၃၇၊ +၉၆၆၅၄၁၇၁၃၁၆၀၊ Email. [email protected] သို့ ၂၄ နာရီအချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းလည်း ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required