ဟောင်ကောင် ဘတ်စ်ကား မတော်တဆမှု လူ ၅ ဦး သေ၊ ဒါဇင်နှင့်ချီ ဒဏ်ရာရ

ဟောင်ကောင် ဘတ်စ်ကား မတော်တဆမှု လူ ၅ ဦး သေ၊ ဒါဇင်နှင့်ချီ ဒဏ်ရာရ

ဒီဇင်ဘာ ၁၈။           ။ ဟောင်ကောင်တွင် ဒီဇင်ဘာ ၁၈ ရက်က နှစ်ထပ် ဘတ်စ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်မှု ဖြစ်ပွားပြီး လူငါးဦး သေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်း ဘတ်စ်ကားမတော်တဆမှုဖြစ်ပြီးနောက် ကားထဲမှာ ရှိနေသည့် အလောင်းများကို ထုတ်ယူရန် မီးသတ်သမားများ ကြိုးပမ်းနေသည့် ဗီဒီယိုတစ်ခုလည်း ထွက်ပေါ်ခဲ့သည်။

ယင်း ဘတ်စ်ကား တိုက်မှုကြောင့် လူငါးဦး သေဆုံးကြောင်း ၊ လူ ၃၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်များ ရှိရာ နေရာဖြစ်ကြောင်း ရံဖန်ရံခါ ဟောင်ကောင်တာဝန်ရှိသူများက ထုတ်ဖော်လေ့ ရှိသည်။

သို့သော် ယခုကဲ့သို့ လူသေဆုံးသော ဘတ်စ်ကားမတော်တဆမှုများလည်း ဖြစ်ပွားထားခဲ့သည်။

ယမန်နှစ် ၂၀၁၈ ဖေဖော်ဝါရီလကလည်း ဟောင်ကောင် မြောက်ပိုင်းတွင် နှစ်ထပ် ဘတ်စ်ကားတစ်စီး အရှိန်လွန် တိမ်းမှောက်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေါ်ထားခဲ့သေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required