ပေါက်ကွဲမှု ဖြစ်ခဲ့သည့် မီးတောင်မှ ရုပ်အလောင်းများ ပြန်သယ်ရန် နယူးဇီလန်အာဏာပိုင်များ စီစဉ်နေ

ပေါက်ကွဲမှု ဖြစ်ခဲ့သည့် မီးတောင်မှ ရုပ်အလောင်းများ ပြန်သယ်ရန် နယူးဇီလန်အာဏာပိုင်များ စီစဉ်နေ

ဒီဇင်ဘာ ၁၂ ။             ။ ပြီးခဲ့သည့် ရက်ပိုင်းက ပေါက်ကွဲခဲ့သည့် White Island ကျွန်းဖြူ မီးတောင်မှ အလောင်းများကို ပြန်လည် သယ်ယူရန် ယခုအခါ နယူးဇီလန် တာဝန်ရှိသူများ စီစဉ်လျက် ရှိသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသွားကြသူများ၏ မိသားစုဝင်များဘက်က ပိုမိုဖိအားပေးလာနေသည့်အတွက် နယူးဇီလန် ရဲတပ်ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းကျွန်းဖြူမီးတောင်တွင် ရှိနေသည့် အလောင်းများကို ပြန်သယ်ရန် စီစဉ်နေရခြင်းဖြစ်သည်။

အဆိုပါ ကျွန်းဖြူမီးတောင်သည် ထပ်မံ ပေါက်ကွဲမှုတစ်ခု ဖြစ်နိုင်သည့် အလားအလာများနေသော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် အန္တရာယ်များသည့် မစ်ရှင်တစ်ရပ်ကို စွန့်စွန့်စားစား လုပ်ဆောင်သွားကြရန် ပြင်ဆင်နေကြသည်။

နောက်ထပ် ၂၄ နာရီ အတွင်း အဆိုပါ မီးတောင်တွင် နောက်ထပ် ပေါက်ကွဲမှုဖြစ်နိုင်သည့် အလားအလာ ရာခိုင်နှုန်းသည် ၅၀ ကနေ ၆၀ အထိ ရှိနေကြောင်း မီးတောင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

သို့သော် အလောင်းများ ပြန်သယ်ရေး မစ်ရှင်ကို ဒီဇင်ဘာ ၁၃ ရက်တွင် မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

ဒီဇင်ဘာ ၉ ရက်က ဖြစ်ခဲ့သော အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ ၁၆ ဦးအထိ ရှိခဲ့သည်ဟု ယုံကြည်ရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required