ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အတွက် နောက်ဆုံးအယူခံ လျှောက်ထား

10 December 2019
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အတွက် နောက်ဆုံးအယူခံ လျှောက်ထား

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အတွက် နောက်ဆုံးအယူခံ လျှောက်ထား
*************************
 
 နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများနှင့်  ထောင်ဒဏ် အနှစ် ၂၀စီ ကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏  အထူးအယူခံကို ဒီဇင်ဘာလ ၁၀ရက်နေ့က နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် သက်ဆိုင်ရာ ရှေ့နေများက လျှောက်လဲချက် တင်သွင်းခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်နေ့ညက ရသေ့တောင်မြို့တွင်  ပြုလုပ်သည့်  ရခိုင်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား တွင် ၎င်းတို့၏ ဟောပြောချက်များသည်  ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။  ရုံးချိန်းပေါင်း ၄၁ချိန်း ကြားနာခဲ့ပြီးနောက် ၂၀၁၉ခုနှစ်  မတ်လ ၁၉ရက်နေ့တွင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀စီ ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

 ရိုက်ကူး/တင်ဆက်- မင်းမင်း(မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required