ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအတွက် ကြိုတင်မဲပေးနိုင်ရန် ရက်သတ်မှတ်

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအတွက် ကြိုတင်မဲပေးနိုင်ရန် ရက်သတ်မှတ်

အောက်တိုဘာ ၂၂ ရက် ။           ။ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအတွက် မဲပေးမည့်နေ့မတိုင်မီ ခရီးထွက်ခွာရန်ရှိသည့် ဝန်ထမ်းများအား အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၇ ရက်နေ့ အထိ မနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း ကြိုတင်မဲပေးခွင့်ပြု ထားသည်။

ကြိုတင်မဲပေးမည့်ဝန်ထမ်းသည် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ပေးအပ်ကြောင်း ထောက်ခံချက် လိုအပ်မည် ဖြစ်သည်။

ဝန်ကြီးဌာနများက ထောက်ခံချက်ပေးရာတွင် ရွေးကောက်ပွဲနည်းဥပဒေ ၅၁ အရ ကော်မရှင်မှ ကြိုတင်မဲပေးရန် သတ်မှတ်ထားသည့် နိုဝင်ဘာ ၆ ရက်နှင့် နိုဝင်ဘာ ၇ ရက်နေ့များထက်စော၍ ထွက်ခွာရန် လိုအပ်သည့် ဝန်ထမ်းများကိုသာ ခွင့်ပြုသွားရန် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ဝန်ကြီးဌာနများ၌ 'အရေးကြီးတာဝန်'၊ 'ရွေးကောက်ပွဲလေ့လာရေးအဖွဲ့များနှင့် လိုက်ပါရန်'၊ 'သတင်းရယူ-ရိုက်ကူးခြင်း'၊ 'လုံခြုံရေးတာဝန်ထမ်းဆောင်ရန်'၊ 'မဲရုံများတွင်တာဝန်ထမ်းဆောင်ရန်' စသည့်တာဝန်များ ပေးအပ်မည့် ဝန်ထမ်းများရှိမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရန်ဒေသများသို့ ရွေးကောက်ပွဲနေ့မတိုင်မီ ကြိုတင် သွားရောက်ရန်ဖြစ်နိုင်သည်ဟု   ပြည်ထောင်စုရွေး   ကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်သည်။

နိုင်ငံခြားသံရုံးအသီးသီးရှိ မြန်မာနိုင်ငံသားဝန်ထမ်းများ အလားတူ တာဝန်ထမ်းဆောင်ရန်ရှိပါက 'တာဝန်ရှိသူ၏ ထောက်ခံချက်' ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲနှင့် ညှိနှိုင်း၍ ကြိုတင်မဲပေးနိုင် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ထပ်ဆင့်အကြောင်းကြားရန်လည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required