မက္ကဆီကိုနိုင်ငံမှာ အမွေးရှည်ဆင်များ၏ အရိုးစုများတွေ့ရှိ

မက္ကဆီကိုနိုင်ငံမှာ အမွေးရှည်ဆင်များ၏ အရိုးစုများတွေ့ရှိ

နိုဝင်ဘာ ၇။  ။ မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ ရှာပါးမျိုးသုဉ်းသတ္တဝါတစ်မျိုးဖြစ်တဲ့ အမွေးရှည်ဆင် ၁၄ ကောင်၏ ရုပ်ကြွင်းအရိုးစုပေါင်း ၈၀၀ ခန့်ကို နိုဝင်ဘာလ ၆ ရက်က တွေ့ရှိခဲ့ပြီး   အကြီးမားဆုံး ရှာဖွေတွေ့ရှိမှု တစ်ခုဖြစ်သည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက ပြောသည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀၀ ခန့်က ကြီးမားတဲ့တိရစ္ဆာန်တွေကိုဖမ်းခဲ့သည့်  လူလုပ် ဆင်ဖမ်း ထောင်ချောက်တစ်ခုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့သည်ဟု ယုံကြည်ကြောင်း မက္ကဆီကို အမျိုးသား မနုဿဗေဒနှင့် သမိုင်းဆိုင်ရာအဖွဲ့အစည်း (INAH) က ဆိုသည်။

မက္ကဆီကိုမြို့တော်အတွက် သမ္မတ အန်ဒရီစ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒို တည်ဆောက်နေ သည့် လေဆိပ်သစ်အနီး Tultepec မြို့မှာ အရိုးစုများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အမွေးရှည်ဆင်တွေဟာ ထိုနေရာမှာ နှစ်ထောင်ပေါင်းများစွာနေထိုင်ခဲ့ကြကြောင်း၊ အုပ်စုအလွန်များပြားလာပြီးနောက် မျိုးပွားကြ သေဆုံးကြ နောက်ဆုံး အမဲလိုက်ခံရကြောင်း၊ တခြားသတ္တဝါတွေဖြစ်တဲ့ မြင်းများ၊ ကုလားအုတ်များနှင့်လည်း အတူယှဉ်တွဲ‌နေထိုင်ခဲ့ကြကြောင်း ရှေးဦးသုတေသနပညာရှင် လူဝီကောဒိုဘာက သတင်းထောက်များကို ပြောကြားသည်။  

တူးဖော်တွေ့ရှိသည့်နေရာတွင် အနည်းဆုံး အမွေးရှည်ဆင်သတ္တဝါအုပ်စု ၅ အုပ်ခန့် နေထိုင်ခဲ့ကြောင်း သုတေသနပညာရှင်များက ဆိုသည်။

မက္ကဆီကိုနိုင်ငံတွင် ယခင်ကလည်း အမွေးရှည်ဆင်သတ္တဝါရုပ်ကြွင်းမျာကို တွေ့ရှိဖူးသည်။

၁၉၇၀ ခုနှစ်တွင်လည်း မက္ကဆီကိုမြို့တော်၏ မြောက်ဘက်တွင် အမွေးရှည်ဆင်တစ်ကောင်၏ အရိုးစုများကို မြေအောက်ရထားတူးအလုပ်သမားများမှ တွေ့ရှိခဲ့ဖူးသည်။  ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required