ထားဝယ်မြို့တွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများ ဖမ်းမိ

ထားဝယ်မြို့တွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများ ဖမ်းမိ

ထားဝယ်၊ အောက်တိုဘာ ၁၈ ။      ။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အောက်တိုဘာ (၁၆) ရက်နေ့က အမျိုးသားတစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု(၃၆) ရွက်ကိုဖမ်းဆီး အရေးယူခဲ့ကြောင်း တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့ ငွေစက္ကူအတုများကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရသူမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သော ကောင်းထက်ဇော်(၃၂) နှစ် ဖြစ်ပြီး အောက်တိုဘာလ (၁၆) ရက်၊ မွန်းလွှဲ (၁)နာရီခွဲအချိန်က ထားဝယ်မြို့၊ အနောက်တွင်းရပ်ကွက်ရှိ သဟာရလ္ဘက်ရည်ဆိုင်တွင် ပြည်သူ တစ်ဦးမှ သတင်းပေးတိုင်ကြားမှုကြောင့် သွားရောက်ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေစက္ကူအတုများ လက်ဝယ်ထားရှိ အသုံးပြုသူကောင်းထက်ဇော်အား ဥပဒေအရ အရေး ယူရန်ထားဝယ်မြို့မရဲစခန်းမှ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေး အရေးယူထားကြောင်းသိရ သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required