‘လီဗာပူးလ်နဲ့ ယှဉ်ကြည့်လိုက်ရမယ်ဆိုရင် ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။’ - အန်ဆယ်လော့တီ၊ ‘ဇယားကို ပြောင်းလဲပစ်ဖို့ နောက်ထပ် ပွဲအနည်းငယ် စောင့်ကြည့်ပေးပါ။’ - ကလော့ပ်

‘လီဗာပူးလ်နဲ့ ယှဉ်ကြည့်လိုက်ရမယ်ဆိုရင် ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။’ - အန်ဆယ်လော့တီ၊ ‘ဇယားကို ပြောင်းလဲပစ်ဖို့ နောက်ထပ် ပွဲအနည်းငယ် စောင့်ကြည့်ပေးပါ။’ - ကလော့ပ်

ကောင်းမွန်တဲ့ အစီအစဉ်နဲ့ ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေမယ်ဆို ချန်ပီယံလိဂ်ဖလားရယူဖို့ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေစရာမလိုပါဘူး။

အင်္ဂါနေ့က ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ နပိုလီအသင်းဟာ မာတင်စ်နဲ့ လော်ရန်းတေးတို့ရဲ့ နောက်ကျဂိုးတွေနဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်ကို (၂-၀)ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ယူခဲ့ပါတယ်။

နာပိုလီအတွက် ပထမဂိုးက ပွဲချိန် (၈၂)မိနစ်မှာ ကယ်လီဂျွန်ကြောင့်ရတဲ့ ပယ်နယ်တီကို မာတင်စ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။ ဒုတိယဂိုးကိုတော့ လူစားဝင် စပါးတိုက်စစ်မှူးဟောင်း လော်ရန်းတေးက လီဗာပူးလ်နောက်တန်းအမှားကနေ နာကျင်အချိန်ပို (၂)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ရှုံးပွဲတွေ့ခဲ့တဲ့ ကလော့ပ်ရဲ့ အသင်းဟာ ၁၉၉၄ ခုနှစ်က အေစီမီလန်အသင်းနောက်ပိုင်း ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ အရေးနိမ့်တဲ့ ပထမဆုံး ဥရောပချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်မှာ မန်စီးတီးကို (၅)မှတ်ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးလ်ဟာ ဆာလ်ဇ်ဘာ့ဂ်က ဂျန့်ကို (၆-၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ဆိုပေမယ့် အုပ်စု (E)မှာ နပိုလီအသင်းနဲ့အတူ နောက်တစ်ဆင့်တက်ဖို့ ရေပမ်းစားလျက်ရှိပါတယ်။

"ဇယားကို ပြောင်းလဲပစ်ဖို့ နောက်ထပ် ပွဲအနည်းငယ် ကျနော်တို့ကို စောင့်ကြည့်ပေးပါ။ ဒါပေမယ့် နပိုလီအသင်းက နောက်တစ်ဆင့်ဖြတ်ကျော်သွားနိုင်ပုံရပါတယ်။"လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောပါတယ်။

"နပိုလီဟာ ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲနိုင်ပါတယ်။ ခင်ဗျားမှာ ကောင်းမွန်တဲ့ အစီအစဉ်နဲ့ ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေမယ်ဆို ချန်ပီယံလိဂ်ဖလားရယူဖို့ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေစရာမလိုပါဘူး။"

လီဗာပူးလ်အသင်းဟာ (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား မကိုင်မြောက်ခင် ပြီးခဲ့တဲ့ရာသီက အုပ်စုအဆင့်မှာ နပိုလီကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

"လီဗာပူးလ်နဲ့ ယှဉ်ကြည့်လိုက်ရမယ်ဆိုရင် ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။ သူတို့ဟာ အခုအချိန်မှာ ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်နေလို့ပါ။"လို့ နပိုလီနည်းပြ အန်ဆယ်လော့တီက ပြောပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ် (၃)ကြိမ်ရယူထားတဲ့ အန်ဆယ်လော့တီက "ရာသီက အရှည်ကြီးပါ။ ရှေ့ဆက်လျှောက်ရမယ့်လမ်းက ရှည်လျားနေသေးပါတယ်။"လို့ သတိပေးခဲ့ပါတယ်။

ကလော့ပ်က ပင်နယ်တီပေးရတာ ပတ်သက်လို့ "အနည်းဆုံး ရမှတ်တစ်မှတ် ရဖို့ ခင်ဗျား လိုချင်မိမှာပါ။ ပင်နယ်တီဂိုးကြောင့် ကျနော်တို့ မရခဲ့ပါဘူး။"

"ကစားသမားက (ကယ်လီဂျွန်) သူ့ကို မထိရသေးခင်မှာပဲ ခုန်နေခဲ့တာပါ။ ဒါဟာ ပင်နယ်တီမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒါကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒီတော့ အခု ဒီရလဒ်ကို ယူဆောင်သွားရပါပြီ။ ပြောချင်တာက ဒါပါပဲ။"လို့ ပြောဆိုသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required