မန်းရွှေစက်တော်ဘုရားဝင်းအတွင်း အရက်ဘီယာ တရားမဝင် ရောင်းချသူကို ဖမ်းဆီး

မန်းရွှေစက်တော်ဘုရားဝင်းအတွင်း အရက်ဘီယာ တရားမဝင် ရောင်းချသူကို ဖမ်းဆီး

မင်းဘူး၊ ဖေဖော်ဝါရီ ၁၉ ။         ။ မန်းရွှေစက်တော်ဘုရားပွဲတော်ဝင်းအတွင်း အရက်၊ဘီယာ တရားမဝင် ရောင်းချသူကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ဝင်းအတွင်း အရက်၊ ဘီယာ တရားမဝင် ရောင်းချသူကိုဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခွဲခန့်တွင်ဖမ်းဆီးအရေးယူထားကြောင်း မန်းရွှေ စက်တော်ဘုရားပွဲတော် အောက်သောင်လုံခြုံရေး ရဲကင်းမှသိရသည်။

၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့၊ ည ၈ နာရီခွဲခန့်တွင် မန်းရွှေစက်တော်ဘုရားပွဲတော် အောက်သောင် လုံခြုံရေး ရဲကင်းမှူး ဒုရဲအုပ် မျိုးသက်ထွန်းနှင့်အဖွဲ့သည် မန်းရွှေစက်တော်ဘုရားပွဲတော်ဝင်းအတွင်း လေယာဉ် ကွင်းထိပ်ရှိ မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သော ခင်မောင်ညွန့်၊( ၅၅ )နှစ်၏ "ခိုင်သဇင်" စား သောက်ဆိုင်တွင် အရက်၊ဘီယာများ တရားမဝင် လိုင်စင်မဲ့ရောင်းချနေကြောင်း သတင်းအရ သက်သေများ နှင့်အတူ ဝင်ရောက် ရှာဖွေရာ Grand Royal အပြာပုလင်းပြား (၂၆)ပြား၊ Grand Royal Smooth ပုလင်းပြား (၁၁)ပြား၊ Yoma ဘီယာဗူးအရှည်(အဝါ) (၁)ဗူး၊ Dagon ဘီယာဗူးတို(အစိမ်း)(၂)ဗူး၊ စုစုပေါင်း တန်ဖိုး (၈၆၁၀၀ိ/-)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထိုသို့ အရက်၊ဘီယာ တရားမဝင် ရောင်းချသူအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ) ၂၄/၂၀၁၉၊ ယစ်မျိုးဥပဒေပုဒ်မ ၃၀(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ရွှေစက်တော်မှာ အရက်ဘီယာ မရောင်းရဘူးလို့ ဆိုထားပေမယ့် ခိုဝှက်ရောင်းနေကြတယ်မိရင် မိတဲ့သူခံပေါ့ ဘုရားဖူးလာသူ အတော်များများက စားသောက်ဆိုင်တွေမှာ အစားအသောက်မစားခင် သောက်ချင်ကြတယ်။ အရက်ဘီယာ မရောင်းတဲ့စားသောက်ဆိုင်ဆို မရောင်းရသလောက် ဖြစ်နေတော့ အရက်ဘီယာ ခိုးဝှက် တင်ရောင်းကြတယ်” ဟု မန်းသောင်ပြင်မှ စျေးသည်တစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required