ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူအများစုရုံးမှုဖြစ်တဲ့ ဟိန္ဒိူရေချိုးပွဲတော် အိန္ဒိယမှာ ကျင်းပ

ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူအများစုရုံးမှုဖြစ်တဲ့ ဟိန္ဒိူရေချိုးပွဲတော် အိန္ဒိယမှာ ကျင်းပ

နယူးဒေလီ၊ ဇန်နဝါရီ ၁၆ ။             ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူအများစုရုံးမှုအဖြစ် ဟိန္ဒိူရေချိုးပွဲတော်ကို အင်္ဂါနေ့မှာ လူသန်းပေါင်းများစွာနဲ့ စတင်ကျင်းပပြီ ဖြစ်ပါတယ်။

 အိန္ဒိယရဲ့ အထွဋ်အမြတ်ထားတဲ့ ဂင်္ဂါမြစ်ကမ်းမှာ နှင်းဆီပွင့်ဖတ်တွေ၊ မြင့်မြတ်တဲ့ ပြာမှုန့်တွေနဲ့ ရေချိုးကြတဲ့ Kumgh Mela ရေချိုးပွဲတော်ကို လာမယ့် သီတင်းပတ် ခုနစ်ပတ်အထိ ကျင်းပသွားကြမှာ ဖြစ်ပါတယ်။

 ဝတ်ပြုဆုတောင်းသူပေါင်း သန်း ၁၀၀ ကျော်ထက်မနည်းဟာ ဟိန္ဒိူရေချိုးပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ အလာဟာဘတ်မြို့ဆီ လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

အလာဟာဘတ်မြို့ဟာ ဂင်္ဂါ၊ ယမုံနာနဲ့ သူရဿတီမြစ်တွေကို မေးတင်ထားတဲ့ မြို့ဖြစ်ပါတယ်။ ရာစုနှစ်များစွာ ကျင်းပလာတဲ့ ပွဲတော်ကြောင့် မြင့်မြတ်တဲ့ ဒီမြစ်သုံးမြစ်ရဲ့ ကမ်းပါးတွေဟာ လူတွေပြည့်နှံ့ပြီး အရောင်အသွေးပြောင်းသွားတော့ပါတယ်။

Kumgh ရေချိုးပွဲတော်အတွင်း အဆိုပါ မြစ်သုံးမြစ်မှာ ရေချိုးခြင်းက အပြစ်တွေကို ဆေးကြောပေးပြီး နတ်ဘုရားတွေရဲ့ စောင့်ရှောက်မှုကို ရရှိတယ်လို့ ဟိန္ဒိူတွေက ယုံကြည်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required