ယီမင်မှာ အပစ်ရပ်သဘောတူထားပြီးနောက် တိုက်ပွဲတွေ ထပ်ဖြစ်ပြန်

ယီမင်မှာ အပစ်ရပ်သဘောတူထားပြီးနောက် တိုက်ပွဲတွေ ထပ်ဖြစ်ပြန်

ဟိုဒေးဒါ၊ ဒီဇင်ဘာ ၁၇ ။           ။ ယီမင်မှာ  အပစ်ရပ်သဘောတူထားပြီးနောက်မှာ ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒေးဒါမှာ တိုက်ပွဲတွေ ထပ်ဖြစ်ပွားပြန်ပါတယ်။

အစိုးရထောက်ခံတဲ့ တပ်ဖွဲဲ့တွေနဲ့ သူပုန်တွေကြား အပစ်ရပ်သဘောတူညီမှုကို လေးစားလိုက်နာကြရန် ကုလသမဂ္ဂ သံတမန်က တိုက်တွန်းထားပါတယ်။

ယီမင်အစိုးရတပ်တွေနဲ့ သူပုန်တွေကြား အပစ််ရပ် သဘောတူညီမှုကို ကုလသမဂ္ဂဖြန်ဖြေမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆွီဒင်မှာ သဘောတူညီမှု ရရှိခဲ့ကြတာပါ။ ခုလို စစ်ပွဲတွေ ထပ်ဖြစ်လာတာကြောင့် အပစ််ရပ်သဘောတူညီမှုအတွက် စိုးရိမ်စရာ ဖြစ်နေစေပါတယ်။

“နှစ်ဖက်အုပ်စုတွေအနေနဲ့ ကတိခံထားတဲ့ အပစ်ရပ်ကို လေးစားလိုက်နာကြမယ်လို့ မျှော်လင့်ပါတယ်။ အပစ်ရပ် သဘောတူညီမှုက ပြဌာန်းချက်တွေကို ချက်ချင်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းပါတယ်။”လို့ ကုလသမဂ္ဂသံအမတ် မာတင်ဂရစ်ဖစ်ရှ်က တွစ်တာမှာ ရေးသားပါတယ်။

ယီမင်မှာ ဆော်ဒီအာရေဗျ နောက်ခံပြုတဲ့ အစိုးရနဲ့ အီရန် ကျောထောက်နောက်ခံပြုပေးတဲ့ ဟူသီသူပုန်တွေကြား ဟိုဒေးဒါမြို့က တိုက်ပွဲတွေ အပစ်ရပ််ရေးကို ကြာသပတေးနေ့မှာ သဘောတူညီမှု ရခဲ့တာပါ။ သဘောတူညီမှုအတိုင်း အကောင်အထည် ဖော်ဆောင်ကြရေး နှစ်ဖက်အုပ်စုနဲ့ ကုလသမဂ္ဂတို့ ကြိုးပမ်းဆောင်ရွက်နေချိန် ခုလို တိုက်ပွဲတွေ ထပ်ဖြစ်လာတာပါ။

မနေ့ညက ဟိုဒေးဒါမြို့စွန်မှာ လေကြောင်းထိုးစစ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားကြောင်း ဒေသခံတွေက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required