အီဖယ် မျှော်စင်အကြောင်း သိကောင်းစရာများ

အီဖယ် မျှော်စင်အကြောင်း သိကောင်းစရာများ

အီဖယ် မျှော်စင်ဟာ ပြင်သစ်နိုင်ငံအတွက် ထင်ရှားတဲ့ ဗိသုကာဆိုင်ရာ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။

အီဖယ် မျှော်စင်ကို ၁၈၈၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံတော်လှန်ရေး နှစ်တစ်ရာပြည့်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ပါတယ်။

ပြင်သစ် အင်ဂျင်နီယာ Gustave Eiffel ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားတာကြောင့် Gustave Eiffel လို့ ခေါ်ဆိုကြပါတယ်။

အီဖယ် မျှော်စင်ဟာ အမြင့်ပေ ၁,၀၅၀ ရှိပြီး လူလုပ်ထားတဲ့ အဆောက်အအုံတွေထဲမှာ  အမြင့်ဆုံး ဖြစ်ပါတယ်။

အီဖယ် မျှော်စင်ကို သံနဲ့ ပြုလုပ်ထားပြီး အလေးချိန် တန် ၁ သောင်း ကျော် ရှိပါတယ်။ သံချေး တက်ခြင်းမှ ကာကွယ်ဖို့အတွက် အီဖယ် မျှော်စင်ကို ၇ နှစ်တစ်ခါ ဆေးသုတ်လေ့ ရှိပါတယ်။

နေရောင်ခြည် အပူဒဏ်ကြောင့် အီဖယ် မျှော်စင်ဟာ ဆောက်ထားတာထက် ၆ လက်မခန့် ပိုမို ကြီးထွားသွားပါတယ်။

အီဖယ် မျှော်စင်မှာ အလွန်ကြီးမားတဲ့ ဓာတ်လှေကား ၂ ခု ရှိကာ အလည်လာရောက်သူတွေ ကို အပေါ်ဆုံးထပ်ကို ပို့ဆောင်ပေးနေပါတယ်။ အဲဒီဓာတ်လှေကား၂ ခုဟာ တစ်နှစ်ကို ကီလိုမီတာ ၁ သိန်း ၃ ထောင်ကျော် ကမ္ဘာ ၂ ပတ်ခွဲ ပတ်စာနဲ့ ညီမျှအောင် မောင်းနှင်ရလေ့ ရှိပါတယ်။

အီဖယ် မျှော်စင်မှာ စားသောက်ဆိုင် ၂ ခု၊ ဘူဖေးအစားအစာများ၊ ကျယ်ဝန်းတဲ့ ခန်းမကြီး၊ ရှန်ပိန်ဘားနဲ့ အမှတ်တရလက်ဆောင် ဆိုင်တွေလည်း ရှိပါတယ်။

တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ အချိန်မရွေး သွားရောက်လည်ပတ်နိုင်တဲ့ နာမည်ကျော် နေရာတစ်ခု ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required