Drama ဇာတ်လမ်းတွဲတစ်ခု၌ အတူတွဲသရုပ်ဆောင်ရန် ဆူဇီနှင့် လီဆီဂန်တို့ဆွေးနွေး

Drama ဇာတ်လမ်းတွဲတစ်ခု၌ အတူတွဲသရုပ်ဆောင်ရန် ဆူဇီနှင့် လီဆီဂန်တို့ဆွေးနွေး

လူကြိုက်များခဲ့သော Gu Family Book ဆိုသည့်ဒရာမာဇာတ်လမ်းတွဲ၌ အတူတွဲ၍သရုပ်ဆောင်ခဲ့ကာ ပရိသတ် အားပေးမှုရရှိခဲ့သော ဆူဇီနှင့်လီဆန်ဂီတို့သည် ယခုအခါတွင် SBS ရုပ်သံလိုင်းမှထုတ်လွှင့်မည့် Drama ဇာတ်လမ်းတွဲအသစ်တစ်ခု၌ ထပ်မံ၍ အတူတွဲသရုပ်ဆောင်ရန် ဆွေးနွေးနေကြသည်။

ဆူဇီသည် SBS မှထုတ်လွှင့်မည့် Vagabond ဆိုသော ဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ရရှိထား သည်ဟု မေလ ၈ ရက်နေ့တွင် သတင်းအများအပြားက ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်များအား သူမ၏ အေဂျင်စီဖြစ်သော JYP Entertainment က “ Vagabond ဟာ သူမလုပ်ကိုင်သွားဖို့ရှိတဲ့ အနုပညာပရောဂျက် တွေထဲက တစ်ခုဖြစ်ပါတယ်။ ဘာမှတော့ သေချာမဆုံးဖြတ်ရသေးပါဘူး” ဟု တုံ့ပြန်ကြေညာခဲ့သည်။

ဒါ့အပြင် ဆူဇီသည် နောက်ထပ်နာမည်ကြီးမင်းသားတစ်လက်ဖြစ်သော ပါ့ခ်ဘိုဂမ်နှင့်လည်း အတူတွဲသရုပ် ဆောင်ဖို့ ကမ်းလှမ်းချက်ရရှိထားကြောင်း သိရသည်။

Vagabond သည် လေယာဉ်ပျက်ကျမှုစုံစမ်းစစ်ဆေးမှုအတွင်း ပါ၀င်ပတ်သက်မိပြီး နိုင်ငံ၏အကျင့်ပျက်ခြစားမှု ကို ထုတ်ဖော်တူးဆွမည့် သာမန်အမျိုးသားတစ်ဦး၏အကြောင်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်ပြီး ၂၀၁၈ ဒုတိယနှစ်ဝက်ပိုင်းလောက်တွင် ပြသသွားရန်စီစဉ်ထားကြောင်း သိရသည်။

ထိုအထဲတွင် ဆူဇီသည် အမျိုးသားထောက်လှမ်းရေးဌာနမှ အေးဂျင့်တစ်ဦးဖြစ်သူ ဂိုဟေရီနေရာမှ သရုပ်ဆောင် ဖို့ ကမ်းလှမ်းချက်ရရှိထားသည်။ Vagabond ကို ဇာတ်ညွှန်းရေးဆရာများဖြစ်သော ဂျန်ယောင်ချယ်လ်နှင့် ဂျန်ကန်ဆွန်းတို့ကရေးသားထားပြီး Romantic Doctor Kim ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သော ဒါရိုက်တာ ယူးအင်ရှစ်ခ်က ရိုက်ကူးမည်ဖြစ်သည်။

Vagabond တွင် ရှင်ဆန်ရော့ခ်ကလည်း ပါ၀င်သရုပ်ဆောင်သွားဖို့ အတည်ပြုခဲ့သလို မင်းသားလီဆန်ဂီမှာမူ ဆက်လက်ဆွေးနွေးနေဆဲဖြစ်သည်ဟု သိရသည်။ အကယ်၍ ဆူဇီနှင့် လီဆန်ဂီတို့နှစ်ဦး ထိုဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ဖို့ လက်ခံခဲ့ပါက နာမည်ကြီးသရုပ်ဆောင်များကို အတူတွဲ၍ ကြည့်ရှုရဦးမည်ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required