အင်ဒိုနီးရှားတွင် မက်သာဖီသမင်းဆေးပြား နှစ်တန်ကျော်အား ဖျက်ဆီး

အင်ဒိုနီးရှားတွင် မက်သာဖီသမင်းဆေးပြား နှစ်တန်ကျော်အား ဖျက်ဆီး

 

ဂျကာတာ၊ မေ ၄ ။           ။ အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အကြီးစားမူးယစ်ဆေးဝါး နှိမ်နင်းမှုများအနက် တစ်ခုအဖြစ် မေ ၄ ရက်က မက်သာဖီသမင်းဆေးပြား နှစ်တန်ကျော်ကို ဖျက်ဆီးခဲ့သည်။

အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာတွင် မူးယစ်ဆေးဝါနှင့် ပတ်သက်ပြီး အပြင်းထန်ဆုံး ဥပဒေပြဌာန်းရာ နိုင်ငံဖြစ်ကာ မူးယစ်ကုန်ကူးမှုကို သေဒဏ်အပြစ်ပေးသည့် နိုင်ငံဖြစ်သည်။

ယခုဆေးပြားများမှာ စင်ကာပူအနီး အင်ဒိုနီးရှားရေပိုင်နက်တွင် ယခုနှစ်အစောပိုင်းက သီးခြားစစ်ဆင်ရေးနှစ်ရပ်အတွင်း နိုင်ငံခြားမှတ်ပုံတင် သင်္ဘောများမှ ဖမ်းဆီးရမိသည့် ဆေးပြားများ ဖြစ်သည်။ ထိုဖမ်းဆီးမှုအတွင်း ထိုင်ဝမ်နိုင်ငံသား လေးဦးနှင့် တရုတ်နိုင်ငံသား လေးဦး သင်္ဘောအမှုထမ်းများကိုပါ ဖမ်းဆီးရမိသည်။

မြို့တော် ဂျကာတာတွင် ယခုဆေးပြားများ မီးရှို့ဖျက်ဆီးရာသို့ ဒုတိယသမ္မတ ဂျူဆက်ဖ်ကယ်လာက လာရောက်ကြည့်ရှုခဲ့သည်။

“ဆေးပြား ၂ ဒဿမ ၆ တန်ကို ဖမ်းဆီးနိုင်တဲ့အတွက် ရဲတပ်ဖွဲ့ကို ဂုဏ်ယူလေးစားပါတယ်။ ဒါပေမယ့် လွတ်နေတာတွေ အများကြီးရှိတယ်။ ဒီမူးယစ်ဆေးအန္တရာယ်က ရှိနေဆဲပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

ကမ္ဘာ့ မွတ်စလင်ဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေးလုပ်ဆောင်ကာ ၂၀၁၅ ခုနှစ်တွင် မူးယစ်ကုန်ကူးသူများအား သေဒဏ်ပေးခြင်းကို ပြန်လည်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required