တိုက်ဖွိုက်ရောဂါဝေဒနာခံစားနေရသည့် ဘောလိ၀ုဒ်မင်းသား ရန်ဘီယားကပူး

တိုက်ဖွိုက်ရောဂါဝေဒနာခံစားနေရသည့် ဘောလိ၀ုဒ်မင်းသား ရန်ဘီယားကပူး

နာမည်ကြီးဘောလိ၀ုဒ်မင်းသားတစ်လက်ဖြစ်သော ရန်ဘီယားကပူးသည် လက်ရှိအချိန်တွင် မင်းသားကြီး ဆန်ဂျေးဒတ်၏ ဘဝဇာတ်ကြောင်းကိုအခြေခံထားသည့် ရုပ်ရှင်နှင့် Brahmastra ရုပ်ရှင်ဇာတ်ကားတို့ကို ရိုက်ကူးရန်ပြင်ဆင်နေသော်လည်း မမျှော်လင့်ပဲ တိုက်ဖွိုက်ရောဂါဝေဒနာခံစားနေရသည့်အတွက် အနားယူ ရတော့မည် ဖြစ်သည်။

Brahmastra ရုပ်ရှင်ရိုက်ကူးရေးအတွက် ဘူဂေးရီးယားနိုင်ငံသို့ ရောက်ရှိနေခဲ့သော ရန်ဘီယားသည် တိုက်ဖွိုက်ရောဂါ (အူရောင်ငန်းဖျား) ခံစားနေရသည့်အတွက် ယခုအခါတွင် မွန်ဘိုင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် ဆရာဝန်များက ရန်ဘီးယားအား ထူထူထောင်ထောင်ပြန်ဖြစ်လာဖို့ နေအိမ်၌နေထိုင်ပြီး ပြည့်ပြည့်ဝဝအနားယူရန် ညွှန်ကြားထားကြောင်း သိရသည်။

မင်းသားဖြစ်သူနှင့်နီးစပ်သောအသိုင်းအဝိုင်း၏အဆိုအရ ရန်ဘီးယားအား ဆရာဝန်များက အစားအသောက် ကောင်းမွန်စွာစားသောက်ရန်နှင့် အားသွန်ခွန်စိုက်လုပ်ရသော လေ့ကျင့်ခန်းများကိုရှောင်ကြဉ်ဖို့ ပြောဆိုထား ကြောင်း သိရသည်။

ရန်ဘီးယားသည် Brahmastra ရုပ်ရှင်ဇာတ်ကားအတွက် ခန္ဓာကိုယ်ကြွက်သားတည်ဆောက်မှု လေ့ကျင့်ခန်း များကို အပြင်းအထန်ပြုလုပ်နေသောကြောင့် ဆရာဝန်များ၏ညွှန်ကြားချက်မှာ သူ့အတွက် သတင်းဆိုးတစ်ခု ဖြစ်လာပြီဖြစ်သည်။

ဒါ့အပြင် ဆရာဝန်များက ရန်ဘီးယားအား Shabana Azmi ၏ ဖက်ရှင်ရှိုးပွဲ၌ သူ၏ချစ်သူဟောင်းဖြစ်သူ ဒီပီကာ ပါဒူကိုနေးနှင့်အတူ ဖက်ရှင်လမ်းလျှောက်မည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းဖို့ အကြံပေးခဲ့ကြောင်း သိရသည်။

အချစ်ရေးနှင့်ပက်သက်၍မူ ရန်ဘီးယားသည် လက်ရှိအချိန်တွင် Brahmastra ဇာတ်ကား၌ အတူတွဲ၍ သရုပ်ဆောင်မည့် မင်းသမီးလေး အလီယာနှင့်အတူ ချစ်သူများဖြစ်နေသည်ဟု မီဒီယာများက ဖော်ပြနေကြပြီး သူတို့နှစ်ဦးကမူ ထိုသတင်းများကို ငြင်းဆန်ခဲ့ကြသည်။

Ref: India Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required