မန္တလေးတွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား၊ စစ်ဆေးနေသူကိုထုတ်ပေးရန် ရပ်ကွက်လူထုတောင်းဆို

မန္တလေးတွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား၊ စစ်ဆေးနေသူကိုထုတ်ပေးရန် ရပ်ကွက်လူထုတောင်းဆို
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၁၈ ။        ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အမရဋ္ဌာနီအရှေ့ရပ်ကွက်တွင် မတ်လ ၁၈ ရက်၊မွန်းလွဲ ၂ နာရီက အသက် ၆ နှစ်အရွယ်ကလေးတစ်ဦးကို အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ရာ အမှတ် ၄ နယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်။

ထိုသို့ဖမ်းဆီးစစ်ဆေးနေသည်ကို ရပ်ကွက်သူ၊ရပ်ကွက်များက စောင့်ကြည့်လျှက်ရှိနေကြပြီး တစ်ချို့ ရပ်ကွက်သူ၊ရပ်ကွက်သားများက မုဒိမ်းမှုကျူးလွန်သူကို ထုတ်ပေးရန်တောင်းဆိုလျှက်ရှိသည်။စောင့်ကြည့် တောင်းဆိုနေသူများမှာ ယခုအချိန်အထိ အဆိုပါနေရာမှ မပြန်သေးဘဲ ရှိနေသေးသည်ကို မဇ္ဈိမသတင်းထောက်က ပေးပို့သည်။ 

"ကျွန်မတို့က ဒီလိုကျူးလွန်သူကို ထုတ်ပေး၊ ကျွန်မတို့လက်နဲ့သတ်ချင်တယ်။အပြုခံရတဲ့ကလေးဆိုတာ ငယ်ငယ်လေး။ကျွန်မတို့အမြဲမြင်တွေ့နေရတာ။အခုလိုဖြစ်တော့ မိဘချင်းကိုယ်ချင်းစာတယ်။မခံစားနိုင်ဘူး။"ဟု အခင်းဖြစ်ပွားခဲ့သည့်ရပ်ကွက်မှ မိဘတစ်ဦးက ပြောသည်။

အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်ကင်းက"လုပ်စရာရှိတာလုပ်နေပါတယ်။စစ်ဆေးစရာရှိတာစစ်ဆေးနေပါတယ်။အခုလို လူအုပ်ကြီးဖြစ်နေတော့ လုပ်ရတာခက်ပါတယ်။သူတို့ ခံစားနေရတယ်ဆိုတာ မသိပါဘူး။"ဟုပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးနေသည့်ရဲစခန်းက လတ်တလောတစ်စုံတရာ ထုတ်ပြန်ပေးမှုမရှိသေးပေ။ ရပ်ကွက်သူ၊ရပ်ကွက်သားများသည် ယနေ့ မတ်လ ၁၈ ရက်ည ၉ နာရီအချိန်ထိ ရဲစခန်းရှေ့မှ ပြန်ခြင်းမရှိသေးဘဲ ဆက်လက်စောင့်ကြည့်လျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required