လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ဒေးဗစ်ကော်ပါဖီးလ်ငြင်းဆန်

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ဒေးဗစ်ကော်ပါဖီးလ်ငြင်းဆန်

ကမ္ဘာကျော်မျက်လှည့်ပညာရှင်ဒေးဗစ်ကော်ပါဖီးလ်က သူသည် လွန်ခဲ့သော၁၉၉၈ ခုနှစ်က အမျိုးသမီးမော်ဒယ် တစ်ဦးကို ဆေးခတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခဲ့သည်ဆိုသော စွပ်စွဲချက်များအား ငြင်းဆန်ပယ် ချခဲ့သည်။

ဘရစ်တနေလူးဝစ်အမည်ရှိ မော်ဒယ်တစ်ဦးက သူမအသက် ၁၇ နှစ်အရွယ်တွင် မော်ဒယ်ပြိုင်ပွဲတစ်ခု၌ ဝင်ပြိုင် စဉ်က ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

သို့သော်လည်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မျက်လှည့်ပညာရှင်ကြီးက သူ၏အင်စတာဂရမ်မှတဆင့် ထိုစွပ်စွဲ ချက်ကို ငြင်းဆန်ခဲ့သည်။

အသက် ၆၁နှစ်အရွယ်ရှိ ဒေးဗစ်ကော်ပါဖီးလ်က သူသည် မှားယွင်းစွာစွပ်စွဲမှုများ၏ သားကောင်တစ်ဦးဖြစ်နေ ရသည်ဟု ပြောဆိုခဲ့ပြီး လွန်ခဲ့သော ၂၀၀၇ ခုနှစ်ကလည်း ထိုအမှုမျိုးကြုံတွေ့ခဲ့ရကာ ယခုအခါတွင်ထပ်မံ ကြုံတွေ့နေရသည်ဟု ပြောဆိုခဲ့သည်။

သူက “လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်တွေ၊ သတင်းအတုတွေကို ဒီဘက်နှစ်တွေထဲမှာ ကျနော်ကြုံတွေ့နေရ ပါတယ်။ ကျနော်အပြစ်ကင်းပါတယ်” ဟု ပြောဆိုခဲ့သည်။

ဒါ့အပြင် ပြီးခဲ့သောနှစ်က ဝင်ငွေဒေါ်လာ ၆၁.၅ သန်းအထိရှိခဲ့သည့် ဒေးဗစ်ကော်ပါဖီးလ်က “ အမြဲတမ်း နားစွင့်ထားပါ။ အရာရာတိုင်းကို သေချာဂရုစိုက်ပြီး စဉ်းစားတွေးခေါ်ကြည့်ကြပါ။ ဒါပေမယ့် ကျေးဇူးပြုပြီးတော့ လွယ်လင့်တကူ မှတ်ချက်မချလိုက်ကြပါနဲ့” ဟုလည်း ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required