ကူညီကယ်ဆယ်ရေး လုပ်ငန်းအတွင်း ကဆောင်ရန်ရှောင်ရန်များ

ကူညီကယ်ဆယ်ရေး လုပ်ငန်းအတွင်း ကဆောင်ရန်ရှောင်ရန်များ

မြန်မာပြည်ရဲ့ ရေဘေးအန္တရာယ် ကျရောက်မှုဟာ မြန်မာ့သမိုင်းမှာတော့ အကြီးဆုံးကျရောက်တဲ့ အန္တရာယ်ဆိုးကြီးပါပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ဝန်းကျင် ပီပြင်တဲ့ သမိုင်းမှတ်တမ်းဝင်ဖြစ်တဲ့ အချိန်က တည်းက အဲဒီ နှစ်တစ်ထောင်ဝန်းကျင်အတွင်း သည်လို ရေဘေးအန္တရာယ်ဆိုးကြီး အခုလို ကျယ်ကျယ်ပြန့်ပြန့် ကျရောက်ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားလည်း မရှိသေးပါဘူး။ ဒါကြောင့်မို့ ဒီကနေ့ မိမိတို့ပြည်သူတွေ ခံစားနေရတဲ့ ရေဘေးဟာ မြန်မာ့သမိုင်းမှာတော့ အကြီးဆုံး ရေဘေးကြီးဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဒီလို အပြန့်အပြောကျယ်လှတဲ့ အန္တရာယ်ဆိုးကြီးနဲ့ ကြုံရတဲ့အခါ အမျိုးသားရေးစိတ်က ဘွားကနဲ ပေါ်လာပြီး တစ်တိုင်းတစ်ပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အိမ်အပြင် ဘက်တွေ ထွက်လာကြပြီး ရေဘေးကျရောက်နေတဲ့ ဒေသက ညီအစ်ကိုသားချင်းတွေဆီ အကူ အညီတွေ ရောက်အောင် ပို့ကြတာကလည်း တကယ့်ကို ဂုဏ်ယူ ဝမ်းမြောက်စရာပါ။

မူလတန်းအရွယ် ကလေးကအစ အထက်တန်းနဲ့ တက္ကသိုလ် ကျောင်းသားများအဆုံး ဘယ်သူ ကမှ တိုက်တွန်းရခြင်းမရှိဘဲ ရေဘေးကူညီရေး လုပ်ငန်းကြီးအတွင်း ပြေးဝင်လာကြတာဟာ တကယ့် ကိုကျေနပ်ဖို့ကောင်းတဲ့ မြင်ကွင်းတွေပါပဲ။

ရေဘေးကူညီဖို့ ပြင်ဆင်ကြတာ ကူညီကြတာ ကောင်းပါတယ်။ အခြေအနေနဲ့ အချိန်အခါက လုံလုံခြုံခြုံရှိနေသေးတဲ့ မိမိတို့ရဲ့မိသားစုတွေ အိုးအိမ်တွေကို ခဏပစ်ထားပြီး ရေဘေးကျရောက်နေ သူတွေဆီ ကယ်ဆယ်ရေးပစ္စည်းတွေ ချက်ချင်းလက်ငင်း အရောက်ပို့ပေးဖို့ဟာ လတ်တလောအချိန် မှာတော့ အရေးတကာ့ အရေးကြီးဆုံး အမျိုးသားရေး တာဝန်ကြီးပါပဲ။

ဒါပေမယ့် ဒီလိုကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကြတဲ့အခါ ပိုပြီး ထိရောက်ရလေအောင် ပိုပြီး ကိုယ့်ရင်ထဲက မေတ္တာစိတ်ကို ပြနိုင်ရလေအောင် ဆောင်ရန်ရှောင်ရန် ကိစ္စလေးတချို့ တင်ပြချင် ပါတယ်။ အထူးသဖြင့် ရေဘေးကျရောက်နေတဲ့ ညီအစ်ကိုသားချင်းတွေဆီ ကိုယ်ထိလက်ရောက် အရောက်သွားနေကြတဲ့ ကူညီနေကြတဲ့ ကူညီကယ်ဆယ်ရေးသမားတွေကို မိမိတို့ တွေးမိသလောက် အကြံပြုချင်ပါတယ်။

ပထမအချက်က မိမိတို့က အခုလို ကူညီခွင့်ရကြတာ တမျိုးသားလုံး တက်ကြွနိုးကြားလာကြ တာကို ကြည့်ပြီး ပျော်ရွှင်ကျေနပ်နေကြတာ အမှန်ပါပဲ။ ဒါပေမယ့် ဒုက္ခရောက်နေတဲ့လူတွေနဲ့ အမှတ် တရဆိုပြီး ဓာတ်ပုံတွဲ အရိုက်ခံတာမျိုး၊ ကိုယ်က မှတ်တမ်းသဘော ဂုဏ်ယူပြီး ရိုက်ကြတာမှန်ပေမယ့် ဒုက္ခရောက်နေသူတွေကို ပိုပြီး သိမ်ငယ်စေပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပုံစံအမျိုးမျိုးနဲ့ သူတို့အ လယ်မှာ ဓာတ်ပုံအရိုက်ခံကြတာမျိုး၊ တချို့ဆိုရင် အော်ဟစ်သီချင်းဆိုပြီးတောင်မှ ဓာတ်ပုံအရိုက်ခံ ကြတာ၊ ဒုက္ခရောက်နေတဲ့ ရဟန်းတော်တွေ သီလရှင်တွေကို ကိုယ့်ဘေးမှာ လာရပ်ပေးဖို့ပြောပြီး ဓာတ်ပုံ အရိုက်ခံ ကြတာမျိုးတွေဟာ ဆင်ခြင်သင့်တဲ့ကိစ္စ ရှောင်ကြဉ်သင့်တဲ့ကိစ္စတွေပါပဲ။

တချို့ကူညီကယ်ဆယ်ရေးကားတွေဆိုရင် သီချင်းတွေ၊ ဆောင်းဘောက်ကြီးတွေ ဖွင့်ပြီး ကူညီ နေကြတာ၊ ရေဘေးကျရောက်နေတဲ့ နေရာက ကယ်ဆယ်ရေးစခန်းတွေမှာ သီချင်းတွေ အသံအ ကျယ်ကြီး ဖွင့်နေကြတာတွေဟာ အခြေအနေ အချိန်အခါအရ မသင့်တော်ပါဘူး။

ဆောင်ရမယ့်အချက်တွေကတော့ ကိုယ်သွားရမယ့်ဒေသရဲ့ယဉ်ကျေးမှု၊ လမ်းပန်းအခက်အခဲ အစရှိတဲ့အချက်တွေကို မှတ်သား လိုက်နာသင့်ပါတယ်။ သတိပြုသင့်ပါတယ်။ ဒါတွေဟာ ရေဘေး ကူညီကယ် ဆယ်ရေးအဖွဲ့များ ပုဂ္ဂိုလ်များအတွက် ဆောင်ရန်နှင့် ရှောင်ရန်အချက်များ ဖြစ်ကြောင်း တင်ပြ အကြံပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required